မိတ်ဆွေတို့နေတိုင်းစားသုံးနေတဲ့ အသီးအနှံတွေဟာ အံသြစရာကောင်းကျိုးတွေနဲ့ ပြည့်နေတယ်ဆိုတာ သိကြပါရဲ့လား။ ခရမ်းသီးကို ဟင်းတစ်ခွက်အနေနဲ့ စားသုံးနေကြပေမဲ့ ခရမ်းသီးက ဘယ်လိုအကျိုးပြုတယ် ဆိုတာသိတဲ့သူတွေ ရှိသလို မသိတဲ့သူတွေလည်းရှိကြပါတယ်။ ဒါကြောင့် မိမိစားသုံးနေတဲ့ ဟင်းတစ်ခွက် ကဘယ်လောက်ထိကောင်းကျိုးပြုတယ်ဆိုတာကို တင်ပြသွားမှာဖြစ်ပါတယ်။ခရမ်းသီးကို စားခြင်းအားဖြင့်

- ကိုလက်စရောကို လျော့ကျစေပါတယ်။

- နှလုံးမကောင်းတဲ့သူတွေ အတွက်ဆေးတစ်ခွက်ပါ။

- အတွင်းနာတွေကို အနာကျက်မြန်အောင် ကာကွယ်ပေးပါတယ်။

- အမြင်အာရုံကောင်းမွန်စေပါတယ်။

- ကူးစက်ပိုးတွေကြောက်စရာမလိုတော့ဘူး ခရမ်းသီးကိုစားထားပေးပါ။

- ကမ္ဘာပေါ်မှာ အဖြစ်များနေတဲ့ ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

- ဦးနှောက်စွမ်းရည်ကို တိုးတက်ကောင်းမွန်စေတယ်။

- သွေးသား သန့်ရှင်းစေပြီး သွေးလည်းပတ်မှုကိုကောင်းမွန်စေပါတယ်။

ပြီးတော့ အဝလွန်တဲ့သူတွေ နှလုံးရောဂါဝေဒနာခံစားနေရတဲ့သူတွေ ပိုစားသုံးသင့်ပါတယ်။ အထူးသတိ ထားသင့်တဲ့သူတွေကတော့ ကျော်ကပ်မှာကျောက်တည်နေတဲ့သူတွေ မစားသင့်ပါဘူူး။ ခရမ်းသီးစားရင် လည်း အခွံံများကို်လည်းထည့်ချက်ပြီး စားသုံးသင့်ပါတယ်နော်။ ကျန်းမာဖို့ခရမ်းသီးစားကြစို့ ၊ခရမ်းသီးကို မီးဖုတ်သုပ်စားအရမ်းကြိုက်ပေါ့ ၊အမျိုးမျိုးဟင်းလုပ်စားနေတဲ့ ခရမ်းသီးဟာ ဆေးစွမ်းထက်တဲ့ ဟင်းတစ် ခွက်ဆိုတာသိလောက်ပါပြီး ။ နောက်များမှာလည်း ဘယ်အသီးအနှံတွေက ကျမ်းမာရေးအတွက် ကောင်းကျိုးပြုမလဲဆိုတာ တင်ပြပေးသွားမှာပါနော်။ အားလုံးကျန်းမာချမ်းသာနိုင်ကြပါစေ။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။