မြန်မာပြည်သူတွေရဲ့အချစ်တော်မြန်မာ့လက်ရွေးစင်

ဘောလုံးသမားအောင်သူဟာရတနာပုံကလပ်အသင်း

ကနေထိုင်းပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့

Police Teroအသင်းကိုပြောင်းရွှေ့သွားပါပြီ။အောင်သူ

ထိုင်းကိုပြောင်းသွားတဲ့အတွက်မြန်မာပြည်ကပရိသတ်တွေ

အနေနဲ့အောင်သူကစားတဲ့ပွဲတွေကိုကြည့်ခွင်မရတော့ဘူး

လို့ထင်နေကြမှာပါ။ဒါပေမယ့်ပရိသတ်တွေအတွက်ဝမ်းသာစရာတစ်ခုကပြည်တွင်းရုပ်သံလိုင်းဖြစ်တဲ့MRTVတွေအတွက်ဝမ်းသာစရာတစ်ခုကပြည်တွင်းရုပ်သံလိုင်းဖြစ်တဲ့MRTVတွေအတွက်ဝမ်းသာစရာတစ်ခုကပြည်တွင်းရုပ်သံလိုင်းဖြစ်တဲ့MRTV-4ကတယ်ရိုအသင်းရဲ့ပွဲစဉ်တွေကို

ရုပ်မြင်သံကြားကပြသပေးမယ်ဆိုတာပါပဲ။

တယ်ရိုအသင်းရဲ့ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့မစ္စတာ

ဘရိုင်ယန်မာကာဟာထိုင်းနိုင်ငံရဲ့နာမည်ကြီးဖျော်ဖြေရေး

ကုမ္ပဏီကြီးဖြစ်တဲ့BECရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံ

ရဲ့အကျော်ကြားဆုံးရုပ်သံလိုင်းဖြစ်တဲ့Channel 3ဟာလည်း

BECရဲ့ထုတ်ကုန်တစ်ခုပါ။မြန်မာပြည်မှာလည်းBEC

ဟာမြန်မာရုပ်သံလိုင်းတစ်ခုဖြစ်တဲ့MRTV-4နဲ့ပူးပေါင်း

လုပ်ကိုင်နေပါတယ်။အားလုံးကိုဆက်စပ်တွေးကြည့်ရင်

ဘရိုင်မာကာပိုင်တဲ့Police TeroပွဲတွေကိုMRTV-4

မှာကြည့်ခွင့်ရဖို့ကကျိန်းသေသလောက်ပါပဲ။

MRTV-4ဟာတယ်ရိုအသင်းရဲ့ပွဲတွေကိုသာမက

မြန်မာပြည်တွင်းလိဂ်ပွဲတွေဖြစ်တဲ့MNLပွဲစဉ်တွေကိုလည်း

ပြသသွားမယ်လို့သိရပါတယ်။ထိုင်းလိဂ်ရဲ့ပရိုမိုးရှင်း

ပဲပြောရမလား။တယ်ရိုအသင်းရဲ့ပွဲတွေသာMRTV-4

ကတိုက်ရိုက်လွင့်ရင်အောင်သူပရိသတ်တွေသာမက

ထိုင်းလိဂ်ကိုအားပေးကြတဲ့မြန်မာပရိသတ်တွေပါ

တိုးပွားလာဖွယ်ရှိနေပါတယ်။တော်တော်အကွက်မြင်တဲ့

ထိုင်းတွေလို့ပဲဆိုရတော့မှာပါ။

Source-BEC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။