နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် ဂန့်ဂေါမြို့မှာ ရုပ်ရှင် ရိုက်ရင်း ရွာမှာလိုအပ်နေတဲ့ ရေတွင်းအတွက် သူမကလှူခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာ တော့ ဒီရေတွင်းလေး ဆောက်လုပ်ပြီးစီးသွားပြီဖြစ်လို့ သူမနဲ့အတူ ရွာကလူတွေကလည်း ပျော်နေကြတယ်လို့ဆိုပါတယ်။ မွန်မြတ်တဲ့အလှူလေးပဲမို့ သာဓုခေါ်ပါတယ် မအေးသောင်း ရေ ရေအကျိုးဆယ်ပါး မတောင်းပဲနဲ့ပြည့်ပါစေ။ အနုပညာလောကထဲကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာပြီး ပရိတ်သတ်အားပေးမှု တွေ တခဲနက်ရရှိထားတဲ့ သူမက အသက်သုံးဆယ်အရွယ် ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတစ်ခု ကို ရရှိပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

အနုပညာလောကထဲကို ညီမနှစ်ယောက် အတူတူဝင်ရောက်ခဲ့ပြီး အမဖြစ်သူ နှင်းဝတ်ရည် သောင်း ကတော့ အင်္ဂလန်နိုင်ငံမှာ အခြေချအလုပ်ရင်း အနုပညာလုပ်ငန်းတွေကို စွန့်လွှ တ်လိုက်ပြီပဲ ဖြစ်ပါတယ်။ မအေးသောင်းတစ်ယောက်ကသာ သံယောဇဉ်ရှိပြီး ဝါသနာထုံခဲ့ တဲ့ အနုပညာလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး သူမကိုလည်း ပရိတ် သတ်တွေက တခဲနက်အားပေးကြိုဆိုခဲ့ကြပါတယ်။ သူမဟာ “ ရွှေလွန်းသံ ” ဆိုတဲ့ ပိုးထည် ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပြီး အားပေးသူအများအပြားနဲ့ အဆင်ပြေပြေလည်ပတ်နေ တာပဲဖြစ်ပါတယ်။

မအေးသောင်းက သူမရဲ့ Facebook မှာ ဂန့်ဂေါ မှာ ရုပ်ရှင်သွားရိုက်ရင်းနဲ့ လှူခဲ့တဲ့ရေ တွင်းလေး ပြီးပြီဆိုလို့ ကိုယ်အရမ်းပျော်…ရွာကလူတွေလည်းပျော် အားလုံးလည်းပျော် .... ပျော် ပျော် ပျော် ဆိုပြီး သူမရဲ့ပီတိကို ပရိတ်သတ်တွေကိုလည်း မျှဝေထားတာပဲဖြစ်ပါတယ်။ မွန်မြတ်လှတဲ့အလှူလေးဖြစ်ပြီး တကယ်လိုအပ်နေတဲ့နေရာတစ်ခုမှာ ပြည့်စုံသွားတာဖြစ် လို့ ကုသိုလ်တွေအများကြီးရပြီး ဆထထမ်းပိုး ပို၍ပို၍ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရင်း ရွာသူရွာသားတွေနဲ့အတူ မအေးသောင်းရဲ့ ပီတိပုံရိပ်လေးတွေကို ဖော် ပြပေးလိုက်ပြီနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။