ဒီဇင်ဘာ (၂၈)ရက်နေ့ ၊နေ့လယ်ပိုင်းအချိန် ၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ် ဥသျှစ်ပင်နယ်မြေစခန်းအပိုင် ညောင်ကျိုးရဲကင်း စစ်ဆေးရေးဂိတ်တွင် ဘင်္ဂါ လီခြောက်ဦးကို ကားဖြင့်တင်ခေါ် လာသော ကြေးမုံသတင်းစာမှ သတင်းထောက်တစ်ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာ ညောင်ကျိုး စစ်ဆေးရေး ဂိတ်တွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်များ ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေစဉ် တောင်ကုတ်မြို့မှ ပြည်မြို့ဘက် သို့ မောင်းနှင်လာတဲ့ တိုယိုတာ မတ်တူးအမျိုးအစား အိမ်စီးကား တစ်စီးဟာ စစ်ဆေးမခံဘဲ မောင်းနှင်ထွက် ပြေးခဲ့သဖြင့် လိုက်လံဖမ်း ဆီးရာ ဥသျှစ်ပင်မြို့တွင် ဖမ်းမိခဲ့တာဖြစ် တာပဲဖြစ်ပါတယ်။ တောင်ကုတ်-ပြည်လမ်း က ညောင်ခြေထောက်ကျေးရွာ အနီးမှာ ဖမ်းမိခဲ့တယ်။ ယာဉ်မောင်း ဆီက ကြေးမုံသတင်းစာ သတင်း ထောက်ကတ်ပြားနဲ့အတူ ဖမ်းမိ ခဲ့တယ်’’လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲ မှူးပြုံးလွင်က ပြောပါတယ်။ 

ဘင်္ဂါလီခြောက်ဦးနှင့်အတူ ဖမ်းမိခဲ့တဲ့ ကြေးမုံသတင်းစာ သတင်းထောက်ဟာ အသက် (၅၀) အရွယ် ဦးစောမိုးကျော်ဆို သူဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။မာင်းနှင်ထွက်ပြေး သည့် ယာဉ်ပေါ်တွင် ကျောက်ဖြူ မြို့နယ် ကျောက်တစ်လုံးကယ် ဆယ်ရေးစခန်းမှ အသက် (၃၄) နှစ်နှင့် အသက် (၁၄) နှစ်အရွယ် ဘင်္ဂါလီအမျိုးသားနှစ်ဦး၊ အ သက် (၄၄) နှစ်၊ အသက် (၁၆) နှစ်၊ အသက် (၁၁) နှစ်နှင့် အ သက်(၈)နှစ်အရွယ် ဘင်္ဂါလီအမျိုး သမီးလေးဦး စုစုပေါင်း ခြောက်ဦး ကို ဖမ်းမိခဲ့တယ်လို့ ပြည်ခရိုင်ရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။

ဦးစောမိုးကျော်ကို စစ်ဆေး ရာ ၎င်းဟာ ကျောက်ဖြူမြို့ ကြေးမုံသတင်းထောက်ဖြစ်ပြီး ကျောက်ဖြူမြို့ရှိ ကျောက်တစ် လုံးကယ်ဆယ်ရေးစခန်းသို့ တစ်လတစ်ကြိမ် သွားရောက်သတင်း ယူရတယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးစ ခန်းရှိ ငယ်သူငယ်ချင်းဖြစ်သူ ဦး မောင်လှနှင့် ခင်မင်ရင်းနှီးပြီး ဦး မောင်လှက ကယ်ဆယ်ရေးစခန်း နေ ဘင်္ဂါလီများ ရန်ကုန်သို့ သွား ရောက်လိုပြီး ပြည်သို့ သွားရန်ရှိပါက ပြည်မြို့အထိ ခေါ်ဆောင် သွားရန် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ထို့အတွင် ဘင်္ဂါလီခြောက် ဦးကို သယ်ဆောင်ခ ကျပ်သိန်း ၂၀ ဖြင့် ပြည်မြို့သို့ ခေါ်ဆောင် သွားရန် သဘောတူညီခဲ့ တယ်လို့ ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။

အဲ့ဒါကြောင့် ကြေးမုံသတင်း ထောက်ဦးစောမိုးကျော်အား ကျွန်ပြုခံစေရန် လူခိုးမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် ဥသျှစ်ပင်ရဲစခန်း တွင် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဘင်္ဂါလီ ခြောက်ဦးကိုလည်း ၁၉၄၉ ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း နေထိုင်သူများ မှတ် ပုံတင်ရေးဥပဒေ ပုဒ်မ ၆ (၂)/၆ (၃) ဖြင့် ပန်းတောင်းမြို့နယ် လူ ဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှူးက တရားစွဲဆိုမည်ဖြစ်ကြောင်း ပြည် ခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ဇော်မင်းထိုက် (7 Day)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။