တော်တော်ကို လိမ္မာရေးခြားရှိတဲ့ သမီးလေးပါပဲ။

သူလေးကတော့ ပရိသတ်အချစ်တော် မိခင်ဖြစ်သူ ထက်ထက်မိုးဦး သီလရှင်ဝတ်နေတုန်းအချိန်မှာ ဖခင်ဖြစ်သူကို ပြုစုပေးနေတဲ့ သမီးလေး စစ်လွန်းဝတီထက် ပါ။

တစ်ချိန်က ပရိသတ်အများဆုံးအဖြစ် ရပ်တည်ခဲ့တဲ့ ထိပ်တန်းမင်းသမီး ထက်ထက်မိုးဦးဟာ ကြော်ငြာလောကရဲ့ ပင်တိုင်မင်းသမီးတစ်လက်အဖြစ်လည်း နာမည်ကျော်ကြားခဲ့တာပါ။

လက်တလောမှာတော့ ထက်ထက်မိုးဦးဟာ အကြောင်းကိစ္စတစ်ချို့ကြောင့် သီလရှင်ဝတ်ရင်း ကုသိုလ်ယူနေတာဖြစ်ပါတယ်။စစ်လွန်းဝတီထက် ဟာ နာမည်ကျော်မင်းသမီးထက်ထက်မိုးဦးနဲ့ မော်ဒယ်သရုပ်ဆောင် စိုင်းလွှမ်း တို့ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်တာမို့ မိဘတွေရဲ့ သဲသဲလှုပ်အချစ်ခံရသူလေးဖြစ်သလို ပရိသတ်တွေကလည်း ချစ်ခင်ကြပါတယ်။

လက်တလောမှာတော့ စစ်လွန်းဝတီထက်လေး ဟာ မေမေထက်ထက်မိုးဦး သီလရှင်ဝတ်နေချိန်မှာ အဖေဖြစ်သူစိုင်းလွှမ်းနဲ့အတူတူနေထိုင်လျက်ရှိပြီး ဖခင်ကို ပြုစုပေးနေတဲ့ ပုံလေးတွေက လူမှုကွန်ရက်မှာ သဘောကျစရာဖြစ်နေပါတယ်။

"မလုပ်စေချင်ဘူး

ဒါပေမဲ့

သူသိတတ်တာလေးကို ကြည်နူးပြီးတော့ လက်ခံလိုက်ပါတယ်

ဝမ်းသာမိစရာလေးထဲက တစ်ခု..." ဆိုပြီး စိုင်းလွှမ်းက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်

ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ စစ်လွန်းလေးကတော့ အသက်လေးငယ်သေးပေမယ့်လည်း မိဘတွေအပေါ် သိတတ်နားလည်သူလေးမို့ မြင်ရသူအတွက်တော့ စိတ်ချမ်းသာစရာကောင်းလှပါတယ်။

စစ်လွန်းဟာ စက်တင်ဘာလတုန်းက အစားမှားပြီး ဆေးရုံတင်ထားရပေမယ့် နေမကောင်းဖြစ်လို့ “မေမေ ဘာဖြစ်လို့လဲဟင်”လို့ ကိုယ်နေမကောင်းပေမယ့်မအေကို စိတ်ပူတကြီး လှမ်းမေးရှာတဲ့ စစ်လွန်းဝတီထက်ကလေးက တကယ့်ကို မွေးရကျိုးနပ်တဲ့ သမီးလေးပါပဲ။။ဖေဖေနဲ့အတူ ရှိနေတဲ့ စစ်လွန်းဝတီလေးရဲ့ ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။ 

Source : Sai Hlwan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။