ရတနာပုံအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေဟာပရိသတ်

တွေအတွက်စိတ်ပျက်စရာဖြစ်နေတာအမှန်ပါပဲ။မြန်မာနေရှင်နယ်လိဂ်ရဲ့နိုင်ငံတကာဆုဖလားရဖူးတဲ့

အသင်းတစ်သင်း၊MNLချနိပီယံဟောင်းအသင်းကြီး

တစ်သင်းရဲ့လက်ရှိရလဒ်တွေကစိတ်ပျက်စရာပါပဲ။

အသင်းကိုပြည်တွင်းနည်းပြပြည်တွင်းကစားသမားတွေ

နဲ့ယှဉ်ပြိုင်ဖို့ဖို့ဆုံးဖြတ်ခဲ့တာကရတနာပုံရဲ့အင်အားတောင့်

တင်းမှုကိုလျော့ပါးသွားစေခဲ့တာလား။အခုဆိုရင်ရာသီ

ကြိုခြေစမ်းပွဲသုံးပွဲကစားပြီးနှစ်ပွဲရှုံးနိမ့်ထားပါတယ်။

မကွေးတစ်သင်းကိုသာနိုင်ပြီးချန်ပီယံဆုလွဲပေးခဲ့ရတဲ့

ရှမ်းနဲ့အသင်းငယ်တစ်သင်းလို့သတ်မှတ်လို့ရတဲ့ဇွဲကပင်ကို

ရှံုးခဲ့ပါတယ်။ဇွဲကပင်ကိုဆိုသုံးဂိုးတစ်ဂိုးနဲ့ဂိုးပြတ်ရှံုးခဲ့တာပါ။

ရာသီကြိုခြေစမ်းပွဲအရေးမကြီးပါဘူးလို့ပြောလို့ရပေမယ့်

လက်ရှိအသင်းရဲ့ကစားပုံကတော့အတန်ငယ်အား

ပျော့သွားတာတော့အမှန်ပါပဲ။ရန်ကုန်၊ရှမ်းစတဲ့

ကစားသမားတွေကစားသမားခေါ်ယူမှုအကြီးအကျယ်ပြုလုပ်

နေချိန်ရတနာပုံအသင်းကတော့ဝင်းနိုင်ထွန်း၊ပြည့်စုံနိုင်၊

ဘီဘီ၊တလန်းဟုတ်ထန်တို့ကိုသာခေါ်ယူ

ထားပါတယ်။

လက်ရှိအသင်းကိုတာဝန်ယူနေတာကရတနာပုံကစားသမား

ဟောင်းအောင်ကျော်မိုးပါ။အောင်ကျော်မိုးဟာရတနာပုံကစားသမားဘဝမှာ

အောင်မြင်မှုတွေရခဲ့တယ်ဆိုပေမယ့်နည်းပြအတွေ့အကြံုနုနယ်သေးတယ်

လို့ဆိုရပါမယ်။နောက်ပြီးအသင်းရဲ့အဓိကအသက်သွေး

ကြောဖြစ်တဲ့တိုက်စစ်နေရာကိုဘယ်လိုအစားထိုးမလဲဆိုတာ

မေးခွန်းထုတ်ရမှာပါ။ရတနာပုံအသင်းရဲ့အဓိကတိုက်စစ်မှူး

တွေဖြစ်တဲ့ရန်ပိုင်ကအနားယူသွားပြီးအောင်သူကတော့

ထိုင်းကိုပြောင်းသွားပါပြီ။သူတို့နေရာမှာဝင်းနိုင်ထွန်း

နဲ့ပြည့်စုံနိုင်တို့လိုအတွေ့အကြံုနုနယ်သေးတာမို့

ရတနာပုံရဲ့ရှေ့ရေးဘယ်လိုဖြစ်လာမလဲဆိုတာပရိသတ်တွေ

တွေးပူနေရပါပြီ...

Source-YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။