ဒီဇင်ဘာ (၂၉)ရက်နေ့ ဒီနေ့ မနက်အစောပိုင်းအချိန် အမေရိကန်နိုင်ငံ နယူးယောက်စီးတီးတွင် မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ နယူးယောက်စီးတီးရှိ လူနေတိုက်ခန်းအိမ်ရာ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် စုစုပေါင်း လူ ၁၂ ဦး သေဆုံးတယ်လို့ မြို့တော်ဝန် ဘီလ်ဘလာဆီယို ရဲ့ပြောကြားချက် အရသိပါတယ်။ ၎င်းအဆောက်အဦးရဲ့ ထပ်တိုး အရန်ဆောင်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၎င်း မီးလောင်မှုဟာ အမေရိကန်နိုင်ငံ နယူးယောက်စီးတီးတွင် လူအသေအပျောက်အများဆုံးနဲ့ အဆိုးဝါးဆုံး မီးလောင်မှု ကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူဦးရေ(၁၂)အရ သမိုင်းတွင် ဆိုးဝါးသည့် မီးလောင်မှုတစ်ရပ် ဖြစ်တယ်လို့ မီးသတ်ကော်မရှင်နာမင်းကြီး ဒန်နီယာနီဂရိုကပြောပါတယ်။ ကယ်ဆယ်ရေးတွေလည်း အများကြီး ပြုလုပ်ခဲ့ရပြီး ယနေအချိန်အထိ မီးကျွင်း မီးကျန်များကို ငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။ 

အဆိုပါ မီးလောင်ပြင်သို့ မီးသတ်အင်အား (၁၇၀)ကျော်ဖြင့် သွားရောက်ငြိမ်းသက် ခဲ့ရတာပဲဖြစ်ပါတယ်။ Bronx တိရစ္ဆာန်ရုံမှ တစ်လမ်းကျော် ငါးထပ်အဆောက်အဦး ထပ်တိုး အရန်ဆောင်မှ စတင် လောင်ကျွမ်းခဲ့ တာပဲဖြစ်ပြီး မီးလောင်ရခြင်းအကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။ ဆက်လက်ပြီး တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွှက်သွားမှာ ဖြစ်တယ်လို့ ရဲအရာရှိတစ်ဦး ကပြောပါတယ်။ 

သတင်းအရင်းအမြစ် - Mizzama 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။