ကင်ပွန်းချဉ် ဟာလူတိုင်းစားသုံးသင့်တဲ့ အရွက်တစ်မျိုးပါ။ ကင်ပွန်းချဉ်ကို် ဆေးဝါးအဖြစ်စားသုံးနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို ကျန်းမာရေးမကောင်းသူတွေ ခံတွင်းမကောင်းသူတွေအိပ်မ ပျော်တဲ့သူတွေ အဓိကစားသုံးသင့်ပါတယ်နော်။ ကင်ပွန်းချဉ်ဟာနွယ်ပင်အမျိုးအစားဖြစ်ပါတယ်။ ကင်ပွန်း ချဉ်ဟာအသည်းအတွက် အသုံးဝင်ပါတယ်။ အရွက်နုကိုကြိတ်ပြီး အသည်းရောင်တဲ့နေရာမှာ လိ်မ်းပေးပါက လည်းရောဂါသက်သာနိုင်ပါတယ်။ ကင်ပွန်းချဉ်အရွက်နုကို ညက်အောင်ထောင်ပြီး သကြားအနည်းငယ်ဖြင့် ရေကျက်အေးနှင့် နေ့စဉ်သောက်ပေးပါက အဖျဉ်းရောဂါကို်သက်သာစေနိုင်ပါတယ်။ကိုယ်ဖော ကိုယ်ရောင် ရောဂါတွေကိုလည်း ပျေက်ကင်းနိုင်ပါတယ်။ကင်ပွန်းချဉ်ကို ရေနွေးအနည်းနဲ့ သောက်ပေးပါကလည်း ဝမ်းချုပ်ခြင်း၊လေချုပ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ ကိုယ်တွင်းအပူကိုငြိမ်းစေပါတယ်။ ဆီးရွင်စေ သည်။ဆီးပူဆီး အောင့် ၊ ပန်းသေပန်းညိုး ကောင်းမွန်းစေသည်။ ရုပ်ပျိုကာ အဆီက လှပစေသည်။

အစာအိမ်ရောဂါ ၊ ငှက်ဖျားရောဂါ ၊အရေပြားပေါ်တွက် အဖြူကွက်ထခြင်း များကို ကင်ပွန်းချဉ်ကိုစားခြင်း ဖြင့် သက်သာပျေက်ကင်းစေပါတယ်။ နှလုံးရောဂါဝေဒနာခံစားနေရသူများ အနေဖြင့် ကင်ပွန်းချဉ် (၅)ကျပ် သား၊ ထန်းလျက် (၁၀) ကျပ်သား၊ဆားအသင့်အတင့် ဖြင့်ရောကျိုးကာ နေ့စဉ်သောက်သုံးသင့်ပါတယ်။ အူရောင်ရောဂါခံစားနေရသူများ၊ အစာမကြေသူများ၊ အစာလမ်းမကောင်းတဲ့သူများ ကင်ပွန်းချဉ်ကအစွမ်း ထက်တဲ့ ဆေးတစ်ခွက်ဆိုတာသိစေချင်ပါတယ်။ နောက်တစ်နည်းကတော့ ကင်ပွန်းချဉ် အရွက်ရင့်ရင့်ကို ဆားအနည်းငယ်နှင့် ညက်အောင်ထောင်းပြီး အရည်ကိုအဖတ်မပါအောင်ညစ်ယူပါ မျက်စီနာ၊ မျက်ရိုးကိုက်် ဝေဒနာတွေကို် သက်သာစေပါတယ်။မျက်ရည်ပူ ၊အခိုးအငွေ့တွေထွက်စေသဖြင့် မျက်လုံးအမြင်ရှင်စေ သည်။ စိန်နှင့်သံပုရာသီးကိုစားမိပါက ကင်ပွန်းသီးပြုတ်ရည်ကို တိုက်ပေးပါက ပြန်အန်ထွက်စေပါတယ်။ မြွေဆိပ်ဖြေဆေး ကုသရာတွင်လည်း ကင်ပွန်းသီးကို အသုံးပြုနိုင်ပါတယ်။

အမျိုးသမီးတွေအတွက် ဆံပင်ကောင်းစေဖို့ကို ကင်ပွန်းသီး တရော်ပင်အခေါက် တို့နှင့်ခေါင်းလျှော်ပါက ဦးရေပြားကိုအေးမြစေပြီး ဆံပင်သန်စွမ်း စေပါတယ်။ ကင်းပွန်းရွက်ကို ကျို၍ နေစဉ်ညအိပ်ရာဝင်တိုင်း သောက်ပေးပါက စာဝင်အိပ်ပျော်ြ့ပီး ကျန်းမာရွင်လန်းစေပါတယ်။ စာရေးသူကိုယ်တွေ့ဖြစ်ရပ်အနေဖြင့် ကင်ပွန်းချဉ်အရည်ကို နေ့စဉ်သောက်ပေးတဲ့ အဖို့တစ်ဦးဟာ အသက် ရာကျော်ရှည်ပြီး လူကြီးတွေမှာ ဖြစ် တတ်တဲ့ အိပ်မပျော်ခြင်း၊ အစားအသောက်ပျက်ခြင်း တို့ကို ကျော်လွာနိုင်ပြီး စားဝင်အိပ်ပျော်စေပါတယ်။ ဒါကြောင့် အဖိုးတန်းလှတဲ့ ကင်ပွန်းချဉ် ရည်ကိုနေ့စဉ်သောက်သုံးဖို့ မမေ့ကြပါနဲ့နော်။ အားလုံးကိုယ်စိတ်နှစ် ဖြာရွင်လန်းကြပါစေ။

Source : မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။