တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာကျော် ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Lee Byung-hun ကတော့ သူ့ကို မမှတ်မိကြလို့ အံ့သြခဲ့ရပါတယ်..။

မင်းသား Lee Byung-hun ဟာ ရိုက်ကူးရေး လုပ်နေစဉ်လမ်းမပေါ်မှာ ကြော်ငြာစာရွက်ဝေနေတဲ့ သူ့ကို ပရိသတ်တွေ သတိမထား မမှတ်မိခဲ့တဲ့ သူကိုယ်တိုင်အံ့အားသင့်ခဲ့တာ ဖြစ်ပါတယ်..။

မင်းသား Lee Byung-hun ဟာ ဒီဇင်ဘာ ၂၂ ရက်က 'Entertainment Relay' အစီအစဉ်မှာ ပါဝင်ခဲ့ပြီး မကြာမီ ဖြန့်ချီမယ့် သူ့ရဲ့ 'It's Only My World' ရုပ်ရှင်ဇာတ်ကားအတွက် ပရိုမိုးရှင်းကို ပြုလုပ်ခဲ့ပါတယ်..။

မင်းသား Lee Byung-hun ဟာ သူကိုယ်တိုင်လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေ ဝေနေတာကို Hidden Camera နဲ့ ရိုက်ယူထားပြီး Lee Byung-hun က ခေါင်းကို ငုံထားကာ ခပ်မြန်မြန် ကြော်ငြာစာရွက်ကို လိုက်ကမ်းခဲ့ပါတယ်..။

ဒါပေမယ့် မင်းသား Lee Byung-hun ကို အံ့အားသင့်စေခဲ့တာကတော့ ဖြတ်သွားတဲ့ လူတော်တော်များများက သူ့ကို မမှတ်မိဘဲ ဒီအတိုင်းဘေးက ဖြတ်သွားခဲ့ကြပါတယ်..။

ပရိသတ်တွေက သူ့ကို အဲ့ဒီလို မမှတ်မိခဲ့ကြတဲ့အတွက် စိတ်ပျက်မိလားလို့ မေးတဲ့ အခါမှာတော့ မင်းသား Lee Byung-hun က “ဒါက ရိုက်ကူးရေး လုပ်နေတဲ့အတွက်ကြောင့် ကျွန်တော်က လူတွေ ကို တည့်တည့်စိုက်ကြည့်လို့မရခဲ့ဘူး.. ပြီးတော့ သူတို့နဲ့ မျက်လုံးချင်း ဆုံမကြည့်ဘဲ ကြော်ငြာစာရွက်ကိုပဲ ဝေနေလို့ပါ..” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်..။

'It's Only My World' ရုပ်ရှင်ဇာတ်ကားကတော့ လာမယ့် (၂၀၁၈)ခုနှစ် ဇန်နဝါရီ (၁၇) ရက်နေ့မှာ စတင် ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါပြီး လက်ဝှေ့သမားအစ်ကိုနဲ့ မသန်စွမ်း စန္ဒရားပညာရှင် ညီလေးတို့အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။