အက်သလက်တီကိုအသင်းဟာ သူတို့အသင်းရဲ့ ကစားသမား ဂရဇ်စမန်း ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းက ခေါ်ယူရန် ကြိုးပမ်းနေတဲ့ ဂရဇ်စမန်းကို နွေရာသီအပြောင်းအရွှေ့မှာသာ ခေါ်ယူဖို့အတွက် ကြိုးစားသွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရဇ်စမန်းဟာ အက်သလက်တီကိုအသင်းနဲ့ စာချူပ်သက်တမ်း ၄ နှစ်ကျော်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းကတော့ ဂရဇ်စမန်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာတော့ အသင်းကနေထွက်ခွာသွားမှာမဟုတ်ပါဘူး။ဒါပေမဲ့ ရာသီကုန်ရင်တော့ အသင်းကနေထွက်ခွာသွားနိုင်ပါတယ် လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းဟာ ပြိုင်ဘက်ဘာစီလိုနာအသင်းထံ ဂရစ်စမန်းကို ရောင်းချလိုခြင်းမရှိတာကြောင့် မန်ယူအသင်းကခေါ်ယူဖို့ အလေးသာနေတာလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ တိုက်စစ်မှုးတွေဖြည့်တင်းဖို့အတွက် ဂရဇ်စမန်းကို ချိတ်ဆက်နေတာလည်းဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ မခေါ်ယူနိုင်ခဲ့ပါက ဂရဇ်စမန်းကို နွေရာသီ အပြောင်းအရွှေ့မှာ အရခေါ်ယူသွားဖို့ ချိတ်ဆက်နေတာလည်းဖြစ်ပါတယ်။အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီကတော့ ဂရဇ်စမန်းကို အသင်းကနေထွက်ခွာနိုင်တယ်လို့ ခွင့်ပြုပေးထားတာလည်းဖြစ်ပါတယ်။ဂရဇ်စမန်း ဘယ်အသင်းဆီရောက်ရှိသွားနိုင်မှာလဲ။

source -mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။