ဂျပန်နိုင်ငံရှိ အပန်းဖြေ ဥယျာဉ်တစ်ခုမှာတော့ Mr.Chen အမည်ရှိ ပင်လယ်ဖျံလေးတစ်ကောင်ဟာ သူရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် ပရိသတ်စိတ်ဝင်စားမှုနဲ့ လာရောက် ကြည့်ရှု့သူများပြား လျက်ရှိတယ်လို့ သိရပါတယ်။ဒီဖံျလေးရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကတော့ ပါးစပ်နဲ့စုပ်တံကို ကိုက်ပြီး လက်ရေးလှ စာလုံး လေးတွေရေးဆွဲ တာပဲဖြစ်ပါတယ်။ လာရောက်ကြည့်ရှုတဲ့ ပွဲကြည့်ပရိသတ်ရှေ့မှောက်မှာပင် တည်တည်ငြိမ်ငြိမ်နဲ့ သူရဲ့ စွမ်းရည်တွေကို ထုတ်ပြသွားခဲ့တာ ဖြစ်ပါတယ်။ 

Mr. Chen ကတော့ လာမယ့်နှစ် တရုတ်တို့ရဲ့ ဆယ့်နှစ်ရာသီကောင် သင်္ကေတ ဖြစ်တဲ့ ခွေး ဆိုတာကို တရုတ် စာလုံးနဲ့ လှလှပပ ရေးပြသွားခဲ့တာကြောင့် လာရောက်ကြည့်ရှု့သူ ပရိသတ်တွေ အရမ်းကို သဘောကျ နှစ်သက်ခဲ့ရတာ ပဲဖြစ်ပါတယ်။" သူက တကယ် ဉာဏ်ကောင်းတဲ့ တိရိစ္ဆာန်တစ်ကောင်ပါ၊ ဒါကို ချောချောမွေ့မွေ့နဲ့ လုပ်သွားနိုင်ပါတယ်၊ သူ တကယ်တော်ပါတယ်" ဆိုပြိး ထရိန်နာ ဖြစ်တဲ့ ယူကီ တာကီဒါက ပြောသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမား ဟက်ကိုင်ဂျီမာ အပန်းဖြေ ဥယျာဉ်မှာတော့ Mr. Chen ရဲ့ ထူးခြားတဲ့ စွမ်းရည်ပြသမှုတွေကြောင့် လာရောက်ကြည့်ရှုကြသူ ဧည့်ပရိသတ်တွေနဲ့ စည်ကားလျက်ရှိတယ်လို့ သိရပါတယ်။ တိရစ္ဆာန်လေးတစ်ကောင် ဖြစ်ပေမယ့် သူရဲ့လက်ရေးအလှရေးတဲ့ စွမ်းရည်တွေကတော့ အံ့သြလောက်စရာပါပဲ။Myanmar Load ပရိသတ်တွေအတွက် Mr. Chen ရဲ့ ထူးခြားတဲ့ စွမ်းရည်ပြသမှု Vedio လေးကိုလည်း မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - Mizzama

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။