အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ကစားသမား ဆန်းချက်ကို လက်လွှတ်ရဖို့ရှိနေတာကြောင့် တောင်ပံတိုက်စစ်ကစားသမားအချို့ကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးဟာ ဆန်းချက်နေရာအတွက် PSG တောင်ပံကစားသမား ဒရက်ဇလာ ကို ခေါ်ယူရန် စောင့်ကြည့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ အာစင်ဝင်းဂါးဟာ နောက်ထပ်ကစားသမားတစ်ဦးကို ပစ်မှတ်ထားလာခဲ့တာလည်းဖြစ်ပါတယ်။

သူကတော့ လက်စတာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မာရက်စ် ပဲဖြစ်ပါတယ်။အာစင်ဝင်းဂါးဟာ မာရက်စ်ကို ကာလကြာရှည် စောင့်ကြည့်မှုတွေပြုလုပ်နေခဲ့တာလည်းဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ထပ်မံချဉ်းကပ်လာတာလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးဟာ ဆန်းချက် နေရာအစားထိုးဖို့ မာရက်စ်နဲ့ ဒရက်ဇလာ တစ်ယောက်ယောက်ကို အမြန်ဆုံးခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

အာဆင်ဝင်းဂါးကတော့ အသင်းကနေ ကစားသမားအချို့ ထွက်ခွာသွားမှာကို စိုးရိမ်မှုမရှိဘူးလို့ အတိအလင်း ထုတ်ဖော်ပြောကြားထားတာလည်းဖြစ်ပါတယ်။ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ပြင်ဆင်မှုအချို့ အာဆင်နယ်အသင်းမှာ မြင်တွေ့ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဘယ်ကစားသမားတွေကို ခေါ်ယူအားဖြည့်သွားနိုင်မှာလဲဆိုတာ စောင့်ကြည့်ရမယ်ဗျာ။

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။