မိတ်ဆွေတို့အားလုံး နားဖာချေးဆိုရင် ရွံစရာအဖြစ် မြင်နေကြတယ်မဟုတ်လား ။ဒါပေမဲ့ အဲနားဖာချေးက မိတ်ဆွေတွေ့ရဲ့ ကျန်းမာရေးနှင့်ပတ်သက်နေတယ်ဆိုတာ မသိလောက်ဘူးထင်ပါတယ်။ ဟုတ်ပါတယ် ခုတင်ပြပေးမှာက တော့ နားဖာချေးကပြောပြနေတဲ့ ကျန်းမာရေးအကြောင်းလေးတွေပါပဲ ။အရင်တုန်း ကတော့နားကိုမကော်လော်ရဘူး ၊နားကန်းတတ်တယ်ဆိုပြီး လူကြီးတွေပြောစကား အမြဲကြားယောင်မိနေ ပါတယ်။ အိမ်မှာနားဖာချေးကော်ထုတ်ရင် တူ၊တူမလေးတွေလည်း ရွံစရာလို့ထင်ပြီးအနားမကပ်ကြတော့ ပါဘူး။ လူတွေရွံစရာလို့ထင်နေတဲ့ မိတ်ဆွေတို့ရဲ့နားဖာချေဟာ နားကိုလည်းကာကွယ်ပေးသိလို ကျန်းမာရေး အကြောင်းလည်းပြောပြလို့ နေပါတယ်။ နားဖာချေးက အနံ၊ အရောင်၊ အနေအထားမျိုးမျိုးရှိ ကြပါတယ်။ နားဖာချေးမှာ ပျော့တာလည်းရှိသလို ။မာတောင့်တောင့် နားဖာချေးလည်း တွေ့ရှိရပါတယ်။

နားဖာချေးအရောင်ကတော့ လိမ္မော်ရောင် နုနု၊ အညိုရောင် ရင့်ရင့်၊ ရှိတတ်ကြပါတယ်။ဒါပေမဲ့ မိတ်ဆွေရဲ့ နာဖားချေးအရောင်ဟာ အဝါရောင်၊ စိမ်းရောင်၊ အဖြူရောင် ၊သို့မဟုတ် အနက်ရောင်တွေဖြစ်နေပြီး ဆိုရင် မိတ်ဆွေမှာ ရောဂါပိုးရှိတယ်ဆိုတဲ့ လက္ခဏာပြနေပြီ ဖြစ်တဲ့အတွက် နားဆရာဝန်နဲ့ပြသသင့်ပါတယ်။ ပြီးတာ့ နားအတွင်းပိုင်းနေရာမှာ ခြောက်ကပ်ပြီး အဖတ်လေးတွေ ရှိနေတတ်တယ်ဆိုရင် နားနှင်းခူနာ ဖြစ်ဖို့ များနေပါြ့ပီး။ မပေါ့ဆသင့်ပါဘူး။ ပြီးတော့ အနီကွက်တွေထတဲ့ ရေပြားရောဂါလက္ခဏာလည်းဖြစ်နိုင်ပါတယ် နောက်တစ်ခုကတော့ နားဖာချေးရဲ့အနံဟာ ဆိုးဝါးစွာနံနေတာဆိုရင်တော့ မဖြစ်သင့်ပါဘူး။ကိုယ်လက်လှုပ် ရှားမှုပြင်းထန်အောင်လုပ်ရင်လည်း နားဖာချေးကစိုစွတ်ပြီး စိမ့်ထွက်တတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲ အိပ်နေတဲ့အခါမှာ နားဖာချေးက အလိုလိုစိမ့်ထွက်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြကြည့်ပါ။

တစ်ခါတစ်ရံ နားထဲမှာ အခဲလိုလို အဖတ်ကြီးကြီးတွေလိုခံစားနေရရင် ဒါဟာနားအတွင်းမှာနားဖာချေးတွေ ပိတ်ပြီး ဖြစ်နေလို့ဒီလိုခံစားနေရတာပါ အိမ်မှာကော်ထုတ်လို့မရရင် နားဆရာဝန်ဆီသွားပြီး ထုတ်ပစ်သင့်ပါ တယ်။ မိတ်ဆွေတို့ရဲ့နားထဲမှာ အဆက်မပြတ်ယားနေရင်လည်း နားဖာချေးတွေ များလာတဲ့လက္ခဏာဖြစ် တတ်ပါတယ်။ သို့ပေမဲ့ အဆက်မပြတ် နေထိုင်မကောင်းအောင်ဖြစ်နေတယ်ဆိုရင်တော့ နားထဲအကောင် တွေဝင်တာလည်းဖြစ်နိုင်ပါတယ်။ မခံမရပ်နိုင်အောင်ယားယံလာပြီးဆိုရင်တော့ ဆရာဝန်နဲ့ပြပေးပါနော်။ ခန္ဓာကိုယ်ရဲ့ အနုညံံ့ဆုံးအပိုင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့ရဲ့နားကို အထူးဂရုစိုက်သင့်ပါ တယ်နော်။ ကဲအားလုံးပဲ ပျော်ရွင်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေ။

Soruce : khingmglin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။