၂၀၁၇ ခုနှစ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုအတွက် ပြီးပြည့်စုံတဲ့ နှစ်တနှစ်လို့ ဆိုရမှာပါပဲ။၂၀၁၇ ခုနှစ်မှာ ဆုဖလားများစွာကို သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုအခါမှာလည်း ၂၀၁၇ ခုနှစ်ရဲ့ ဥရောပအကောင်းဆုံးအားကစားသမားဆု (BEST EUROPEAN SPORTSPERSON 2017 ) ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။စီရော်နယ်ဒိုကတော့ ဒီဆု ကို နှစ်နှစ်ဆက်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီဆုဟာ ဥရောပရဲ့ အားကစားနယ်ပယ်အသီးသီးက ထူးချွန်တဲ့ကစားသမားတွေကို အမှတ်ပေးရွေးချယ်ပြီး ဆုကိုပေးအပ်တာလည်းဖြစ်ပါတယ်။ဆုရရှိခဲ့တဲ့ စီရော်နယ်ဒိုကတော့ ရမှတ် ၁၅၉ မှတ်ထိရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယနေရာမှာတော့ ဖော်မြူလာဝမ်း ကားမောင်းသမား ဟာမီတန်က ၁၄၃ မှတ်နဲ့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။တင်းနစ်ကစားသမားတွေဖြစ်တဲ့ ရော်ဂျာဖက်ဒဲရာ က ၁၂၄ မှတ်၊ ရာဖေးနာဒယ်က ၁၁၃ မှတ်နဲ့ အစဉ်လိုက် ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှုး စီရော်နယ်ဒိုကတော့ ၂၀၁၇ ရာသီကို ဥရောပအကောင်းဆုံးအားကစားသမားဆုကို သိမ်းပိုက်ပြီး ကုန်ဆုံးစေတော့မှာလည်းဖြစ်ပါတယ်။Congratulation ပါ စီရော်နယ်ဒိုရေ။ 

source - goal .com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။