အိန္ဒိယလူမျိုး ဘောလိဝုဒ်ဒါရိုက်တာ Kabir Khan ရိုက်ကူးပြီး Amazon Intaernational Production မှ ရိုက်ကူးထုတ်လုပ်မယ့် ရုပ်သံဇာတ်လမ်းတွဲအတွက် အရေးပါတဲ့ ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင် မြန်မာသရုပ်ဆောင်(၂) ဦးလိုအပ်နေတယ်လို့ သိရပါတယ်။ ဇာတ်ရုပ်နှစ်နေရာမှာ ပါဝင်သရုပ်ဆောင် အမျိုးသမီးတဦးနှင့် အမျိုးသားတဦးတို့လို အပ်နေတာပဲဖြစ်ပါတယ်။ အမျိုးသမီးသရုပ်ဆောင်နေရာတွင် လျှောက်ထားလိုသူကတော့ အသက် ၂၀ မှ ၃၀ ကြားရှိရမှာဖြစ်ပြီး ဇာတ်လမ်းအရ BBC အတွက် လုပ်ကိုင်ပေးနေတဲ့ Rani ဆိုသူ အမျိုးသမီးလေးနေရာတွင် သရုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

အမျိုးသားသရုပ်ဆောင်မှာ သရုပ်ဆောင်ရမယ့် သူကတော့ ဇာတ်လမ်းအရ ကိုတင်ဆိုသူ ဧည့်လမ်းညွှန် အမျိုးသားနေရာမှာ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပြီး အသက် ကန့်သတ်ချက် အတိအကျကို မသိရှိရသေးဘူး လို့သိရပါတယ်။ အဆိုပါ ရုပ်သံဇာတ် လမ်းတွဲကို နိုင်ငံပေါင်း ၂၀၄ နိုင်ငံတွင် ပြသရန်စီစဉ်ထားတာဖြစ်ပြီး ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ တွင် အဓိကရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါရိုက်တာ Kabir Khan ကတော့ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများရဲ့ သတင်း အချက်အလက်ဆိုင်ရာ နာမည်ကျော် IMDb ဝက်ဘ်စာမျက်နှာတွင် လူကြိုက်များမှုအဆင့် (Rating) သတ်မှတ်ချက် ၈ ဒသမ ၁ (အမြင့်ဆုံး rating မှာ ၁၀ ဖြစ်သည်) ရရှိခဲ့သူပဲဖြစ်ပါတယ်။ထို့ပြင် (၂၀၁၅) ကလည်း Bajrangi Bhaijaan အမည်ရှိ ရုပ်ရှင်ကားကြီးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။

အဆိုပါ သရုပ်ဆောင်နေရာများအတွက် စိတ်ပါဝင်စားသူများအနေဖြင့် ကိုယ်လုံးပေါ်ဓာတ်ပုံ ၁ ပုံ၊ ကိုယ်တပိုင်းပုံ ၁ ပုံနှင့် ကိုယ်ရေးအကျဉ်းအား [email protected] သို့ ပေးပို့ရမည် ဖြစ်ပြီး ရုပ်ရှင်လောကသား ဖြစ်စရာမလိုဘဲ မည်သူမဆို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။အင်္ဂလိပ်ဘာသာစကားကိုတော့ အထိုက်အလျောက် ကျွမ်းကျင်ရ မှာဖြစ်ပြီး အီးမေးပေးပို့ရာတွင် အကြောင်းအရာ (Subject) နေရာတွင် India Web-seriesလို့ ရေးသားရမယ်ဖြစ်တယ်လို့ ရုပ်ရှင်သရုပ်ဆောင်ရှာဖွေရေးကုမ္ပဏီ Mukhesh Chhabra မှသတင်းထုတ်ပြန်ထားပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - အော်စကာ(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။