ခင်ပိုးပန်းချီဆိုတဲ့ ကောင်မလေးကို ပရိသတ်တွေက ဘုရားတောင်းသီချင်းဗီဒီယိုလေးတစ်ခုကနေ စိတ်ဝင်စားမှုများလာခဲ့တာပါ။

အနုပညာဝါသနာပါတဲ့ သူမဟာ ဆယ်ကျေ်ာသက်အရွယ်သာရှိသေးပေမယ့်လည်း မြန်မာသံသီချင်းတွေနဲ့ ဓမ္မတေးတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ အဆိုရှင်တစ်ဦးဖြစ်ပါတယ်။ဒါ့ပြင် တခါတလေမှာ ခေတ်ပေါ် တေးသီချင်းများစွာကိုလည်း သီဆိုနိုင်သူဖြစ်ပါတယ်။ 

မြန်မာသံစဉ်လောကမှာ နာမည်ရနေတဲ့ မျိုးဆက်သစ်အဆိုရှင်တစ်ဦးဖြစ်ပြီး နာမည်လေးနဲ့ လိုက်အောင် ရုပ်ရည်လေးကလည်း ချစ်စရာကောင်းတာကြောင့် လူမှုကွန်ရက်မှာ ၀န်းရံသူများနေပါတယ်။

ကောင်လေးတွေပါ သဘောကျနေတဲ့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေက လူပြောများနေသလို သူမ သီဆိုထားတဲ့ မြန်မာသံစဉ်ဗီဒီယိုလေးတွေကလည်း ကြည့်ရှုသူများပါတယ်။

ယနေ့ခေတ်မှာတော့ ခေတ်ပေါ်အဆိုတော်တွေများလာပေမယ့် မြန်မာသံအဆိုရှင်တွေရှားပါးလာတာမို့ ဒီလိုမြန်မာသံ မိန်းကလေးအဆိုရှင်မျိုးတွေ့ရဖို့ဆိုတာ နည်းလာပါတယ်။

ခင်ပိုးပန်းချီဟာ ဖေ့ဘုတ်မှာ သူမကို အားပေးစောင့်ကြည့်ကြတဲ့ ပရိသတ်တွေရှိသလို တရားပွဲတွေနဲ့ ရှိုးပွဲအချို့မှာလည်း သီဆိုဖျော်ဖြေနေတာကိုတွေ့ရပါတယ်။

အသံချိုသာပြီး မြန်မာသံစဉ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်တာမို့ လူကြီးလူငယ်မရွေး သူမကို ချီးကျုးစကားဆိုကြသလို မိန်းကလေးချင်းတောင် အားကျနေရပါတယ်။ ပရိသတ်ကြီးရေ မြန်မာသံအဆိုရှင်လေး ခင်ပိုးပန်းချီ ကို ၀န်းရံလိုက်ပါဦးနော်။  

Source : Khin Poe Pache fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။