အခုလို အေးတဲ့ ဆောင်းရာသီတွေနဲ့ ခြေဆီ အထွက်နည်းတဲ့ သူတွေဆီမှာ ခြေဖနောင့်ကွဲတဲ့ ပြသနာကို ရင်ဆိုင်ရပါတယ်။ အဲ့ဒီအခါမှာ ဖိနပ်လှလှလေးတွေ စီးဖို့တောင် မဝံ့မရဲ ဖြစ်တတ်ကြသလို စိတ်အနှောင့်အယှက်လည်း ဖြစ်ရပါတယ်။ ဒါတွေ အားလုံးအတွက် ယုံကြည်ကြည်မှု ရှိရှိနဲ့ လှပ ကျော့ရှင်းတဲ့ ခြေဖဝါးလေးတွေ ပိုင်ဆိုင်နိုင်ဖို့ လွယ်ကူတဲ့ အိမ်တွင်းကုထုံးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။  

နည်းလမ်း (၁) Vaseline နှင့် သံပရာသီး

Vaseline ၂ ဇွန်း ကို သံပရာသီးရည် တစ်ဇွန်း နှင့် ရောစပ်ပြီး မွှေပါ။ ကွဲအက်နေသော ခြေဖနောင်ပေါ်သို့ ၁၀ မိနစ်ခန့် ထားပြီးနောက် ရေဆေးချပါ။

နည်းလမ်း (၂) အုန်းဆီ နှင့် ရှားစောင်းလက်ပပ်ဂျယ်လ်

အုန်းဆီ ၂ ဇွန်း နှင့် ရှားစောင်းလက်ပတ် ဂျယ်လ် တို့ကို သမအောင် မွှေပြီး ခြေဖနောင့်ပေါ်သို့ လိမ်းကျံပေးပါ။ နာရီဝက်ခန့်ထားပြီး ရေဆေးပေးပါ။

နည်းလမ်း (၃) ဆား၊ အလှဆီ နှင့် သံပရာရည်

ဆား၊ အလှဆီ နှင့် သံပရာရည် တို့ကို ရောစပ်ပြီး ခြေဖနောင့်ပေါ်သို့ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ခန့် ထားပြီးနောက် ရေဆေးလိုက်ပါ။ 

နည်းလမ်း (၄) ငှက်ပျောသီးမှည့်

ငှက်ပျော်သီးမှည့်ကို အနှစ်ရအောင် ချေ၍ (သို့မဟုတ်) ခလောက်၍ အက်ကွဲနေသော ခြေဖနောင်ကို သေသေချာချာ ပွတ်လိမ်းပေးပါ။ နာရီဝက်ခန့် ထားပြီးနောက် ရေစင်အောင် ဆေးပါ။

နည်းလမ်း (၅) ဟင်းရွက်ဆီ

ည အိပ်ရာမဝင်ခင် ဟင်းရွက်ဆီကို ခြေဖနောင့်ကို ပွတ်လိမ်းပေးပြီး ညအိပ်နိုင်ပါတယ်။

နည်းလမ်း (၆) ငှက်ပျောသီးနှင့် ထောပတ်သီး

ငှက်ပျောသီး တစ်လုံးနှင့် ထောပတ်သီး တစ်ခြမ်းကို ရောမွှေပြီး အနှစ်ရအောင် ချေပေးပါ။ မိနစ် ၂၀ ခန့် ထားပြီး ရေအေးဖြင့် သန့်စင်လိုက်ပါ။

နည်းလမ်း (၇) ပျားရည်

ပျားရည် အနည်းငယ်ကို ခြေဖနောင့်ပေါ်သို့ ပွတ်လိုက်ပြီးနောက် ရေနွေးဖြင့် ရေဆေးခြင်း၊ ရေနွေးဖြင့် ခြေထောက်စိမ်ခြင်း ပြုလုပ်ပေးပါ။  

နည်းလမ်း (၈) ဖယောင်း

ဖယောင်းကို ခြစ်၍ အုန်းဆီ သို့မဟုတ် သံလွင်ဆီနှင့် ရောပါ။ ထို့နောက် ရလာသော အနှစ်ကို ခြေဖနောင့်ပေါ်သို့ လိမ်းပြီး ခြေအိတ် ထူထူ ၀တ်ပြီး ညဝတ်အိပ်ပါ။

နည်းလမ်း (၉) ထမင်းရည် နှင့် ပျားရည်

ထမင်းရည် ကို ပျားရည် ၂ဇွန်းခန့်ထည့်ပြီး သမအောင် မွှေပြီးနောက် ခြေဖနောင့်ပေါ်သလို့ လိမ်းပေးပါ။ အရမ်း အက်ကွဲနေသော ခြေဖနောင့်ဆိုလျှင် သံလွင်ဆီ အနည်းငယ်ပါ ထည့်နိုင်ပါတယ်။

နည်းလမ်း (၁၀) သံလွင်ဆီ

အက်ကွဲနေသော ခြေဖနောင့်ကို သံလွင်ဆီ ပွတ်လိမ်းပေးပါ။ ထို့နောက် ခြေအိတ် စွပ်ထားပြီး နာရီဝက်ခန့်ထားပါ။

အထူးသတိထားရမှာ တစ်ခုကတော့ ဖော်ပြပါ နည်းလမ်းများ အားလုံး မလုပ်ခင် ခြေထောက်ကို ဆေးကြောသန့်စင်ပြီးမှ ပြုလုပ်ပေးသင့်ပါတယ်။ ဒီနည်းလမ်းတွေက လွယ်ကူမြန်ဆန်ပြီး ထိရောက်လွန်းတာမို့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။