ဒိန်းဒေါင်ကတော့ သူရဲ့မွေးနေ့မှာ သူချစ်တဲ့မိခင်အတွက် တန်ဖိုးကြီးတဲ့ ပတ္တမြားနားကပ်ကြီးကို ကန်တော့ခဲ့ပါ။လေးစားစရာအရမ်းကောင်းတဲ့ သားတစ်ယောက်ပါ။ဒိန်းဒေါင်ဟာ ပျော်ပျော်နေတတ်ပြီး စိတ်ထားကောင်းတာကြောင့် လူချစ်လူချင်များတဲ့ ဟာသသရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့ မွေးနေမှာ အလှူလုပ်ခဲ့ပါတယ်။ မွေးနေ့ကို သူ့ရဲ့နေအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရှိ လမ်းသူ လမ်းသားများအား ဆန်တစ်ပြည် ၊ ကလေးတစ်ယောက်ကို မုန့်ဖိုး(၁၀၀၀) စီ နဲ့ ကြာဇံကြော် ကျွေးမွေးပြီး အလှူဒါန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သူကတော့ မိခင်ကို မွေးနေ့လက်ဆောင်ပေးပြီ သူ့ရဲ့ဖေစ်ဘုတ်မှာ “မွေးနေ့မှာအမေ့အတွက်ပတ္တပြားနားကပ်တရံကန်တော့တယ်အမေ့ဆီကမွေးနေ့လက်ဆောင်အမေ့ရဲ့ထမီအထက်စင်အစလေးပြန်တောင်းတယ်မွေးနေ့မှာလာကြတဲ့သတင်းမီဒီယာနဲ့မိတ်ဆွေများကိုကျေးဇူးတင်သလိုမလာနိုင်လို့အဝေးကဆုတောင်းပေးကြတဲ့ပုဂ္ဂိုလ်များကိုလည်းအထူးကျေးဇူးတင်ပါတယ်” လို့ရေးသားထားခဲ့ပါတယ်။ 

source - ဒိန်းဒေါင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။