ပရိသတ်တွေအထူးကြိုက်နှစ်သက်ကာ လူငယ်တွေအကြားရေပန်းစားခဲ့တဲ့ ဂျင်းကောင် ဇာတ်ရုပ်ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကြီးကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရိုက်ကူးနိုင်ရန်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ထိုဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးမှာဖြစ်ပြီး ဂျင်းကောင်နေရာတွင် မူလသရုပ်ဆောင် မြင့်မြတ်ကပဲ ပြန်လည်သရုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါဇာတ်ကားကြီးနှင့်ပက်သက်၍လည်း ဒါရိုက်တာ ကိုပေါက်က ဂျင်းကောင်ဇာတ်ကားကြီးကို အရင်ဗီဒီယိုထက် အောင်မြင်ဖို့ မအောင်မြင်ဖို့ စဉ်းစားမှာ မဟုတ်ပဲ ပုံစံအသစ်ဆန်းတွေနဲ့ ဖန်တီးသွားမယ်လို့လည်း ပြောပါတယ်။  

Source : Eleven Media Group ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။