Austin လို့ခေါ်တဲ့ မိုးယုစံရဲ့ သားသားလေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်လေးပါပဲ ။ မျက်နှာလေးက အမြဲပြုံးချိုနေတာမို့ ဖိုးပြံုးချိုလေးလို့တောင် ချစ်စနိုးခေါ်ကြတဲ့ထိပါ ။ ခုလည်း နှင်းဆီအဖွဲ့သား မင်းသားတွေက ဖိုးပြံုးချိုလေးဆီအလည်ရောက်သွားခဲ့တဲ့ပုံလေးတွေကို မေမေ မိုးယုစံက သူမရဲ့ လူမှုကွန်ယက်မှာ တင်ခဲ့တာပါ ။ 

Austin လေးကတော့ ကလေးချစ်တတ်တဲ့ နှင်းဆီကမင်းသားတွေအလယ်မှာ မင်းသားငယ်လေးဖြစ်နေရောပဲ ။ 

ကိုနေတိုးကြီးကလေးထိန်းနေလိုက်ပုံက သူဘယ်လောက်ကလေးချစ်လဲဆိုတာ သိသာနေတာမို့ ပရိတ်သတ်တွေကတော့ မိုးယုစံလိုပဲ အိမ်ထောင်ပြုဖို့ဝိုင်းတိုက်တွန်းနေကြတာကိုလည်းတွေ့ရပါတယ် ။ မိုးယုစံကတော့ ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နေရပါပြီ ။ 

သရုပ်ဆောင်မိုးယုစံဟာ သရုပ်ဆောင်အလုပ်တင်မကဘဲ အကပါ ကျွမး်ကျင်တဲ့မင်းသမီးတစ်လက်ဆိုတာ သူမပရိတ်သတ်တွေတော့ ကောင်းကောင်းသိကြပါလိမ့်မယ် ။ နှင်းဆီ အငြိမ့်ရဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးယုစံကတော့ သားသားလေးမွေးထားလို့ အနုပညာအလုပ်တွေကနေခဏနားထားပေမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာကျင်းပမယ့် နှင်းဆီအငြိမ့်ပွဲမှာတော့ မင်းသမီးအဖြစ်ပါ၀င်ကပြဖျော်ဖြေသွားမယ်လို့လည်း သိရှိရပါတယ် ။ 

သတင်းအရင်းမြစ် Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။