အိပ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ အဆိုတော်ဝိုင်းလေးတစ်ယောက် ပြင်ဦးလွင်မြို့ မှာ လည်ပတ်ပြီးအပျော်ကြီးပျော်နေပါတယ်။ ချစ်စရာကောင်းတဲ့သူမရဲ့ပုံရိပ်အချို့ကိုလည်း ပြန်လည်ဝေမျှ ခဲ့ပါသေးတယ်။ သူမရဲ့အသံချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးတွေ ကြောင့် ပရိတ်သတ်တွေက အားပေးချစ်ခင်လာတာဖြစ်ပြီး အခုဆိုရင် ပရိတ်သတ်အသိ အမှတ်ပြု လက်ခံလာတဲ့ အဆိုတော် တစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။ သူမသိဆိုထားတဲ့ “ တာဝန်အရ ” ဆိုတဲ့သီချင်းလေးဟာလည်း ပရိတ်သတ်တွေကြားမှာ အရမ်းကိုရေပန်းစား ခဲ့တဲ့ ချစ်စရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပြင်ဦးလွင်မြို့ကိုရောက်ရှိနေပြီး ပြင်ဦးလွင်နဲ့လိုက်ဖက်စွာပဲ သူမက အနွေးခြုံထည်လေးကိုဝတ်ဆင်ကာ ချစ်စရာကောင်းတဲ့ Pose လေးတွေပေးနေတာပဲ ဖြစ်ပါ တယ်။ ပြင်ဦးလွင်ရဲ့အလှအပတွေနဲ့အတူ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေက တကယ်ကိုထင် ဟပ်စေပါတယ်။ ပန်းရောင်၊ အပြာရောင်၊ ခဲရောင်၊ လိမ္မော်ရောင် စတဲ့အရောင်အဖျော့လေး တွေနဲ့ ရောစပ်ပြီး အနားသတ်မှာ ချည်မွှားစလေးတွေထွက်သယောင်လုပ်ထားတဲ့ ချစ် စရာကောင်းတဲ့ ခြုံထည်လေးကိုခြုံထားပြီး ဂျင်းဘောင်းဘီအဖြူရောင်နဲ့ ဖိနပ်အဖြူလေးကို ဝတ် ဆင်ထားတဲ့ သူမရဲ့ပုံစံလေးက ထူးထူးခြားခြားမပြင်ဆင်ရပါပဲနဲ့ ချစ်စရာကောင်းနေပါတယ် ပရိတ်သတ်ကြီးရေ။

သူကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေကလည်း အများအပြားရှိနေတာဖြစ်ပါတယ်။ သူမ ရဲ့ ကိုယ်ပိုင်တေးစီးရီးထွက်ရှိလာဖို့ကိုလည်း မျှော်လင့်နေတဲ့ ပရိတ်သတ်တွေကလည်း အများအပြားပါပဲ။ ပြင်ဦးလွင်မြို့ရဲ့လှပတဲ့ ရှုမျှော်ခင်းတွေနဲ့အတူ တေးသံရှင်ဝိုင်းလေးရဲ့ ချစ်စဖွယ်အပြုံးလေးတို့ ရောစပ်ထားတဲ့ ကဗျာဆန်ဆန်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Wine Lay’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။