ကမ္ဘာကျော် အဆိုတော် အဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့သားတွေကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Taeyang နဲ့ သူ့ရဲ့ ချစ်သူတို့ရဲ့ မွေးဖွားလာမယ့် ရင်သွေးလေးအတွက် နာမည်ကို ဝိုင်းရွေးပေးခဲ့ကြပါတယ်..။

Big Bang ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Taeyang ကတော့ သူ့ရဲ့ ချစ်သူ Min Hyo Rin နဲ့ မကြာခင် လက်ထပ်တော့မှာ ဖြစ်ပါတယ်.. ။

Taeyang လက်ထပ်တော့မယ့်သတင်း ပရိသတ်တွေကို ကြေညာပြီးတဲ့နောက် ဗီဒီယိုဖိုင်လေးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

အဲ့ဒီဗီဒီယိုဖိုင်လေးထဲမှာ Taeyang ကို ရင်သွေးလေးအတွက် ဘယ်လိုနာမည်ကိုပေးချင်လဲ ဆိုပြီး မေးတဲ့အခါ Taeyang က သူ့ရဲ့ အဖွဲ့ဝင်တွေကို ဘယ်လို နာမည်ပေးရမလဲဆိုပြီး မေးခဲ့ပါတယ်..။

အဖွဲ့ဝင်ဖြစ်တဲ့ Daesung ကတော့ "Taeyang ရဲ့နာမည်ရင်းက Young-bae Dong ဖြစ်တာကြောင့် နောက်ဆုံးနာမည်က Dong လေ.. အဲ့ဒါကြောင့် ကလေးနာမည်ကို Dong Seoyang (အရှေ့အရပ်နဲ့အနောက်အရပ်ဟုအဓိပ္ပာယ်ရပါသည် လို့ပေးကြမယ်.. ကမ္ဘာကြီးတစ်ခုလုံးက သူ့ဟာ ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့.." ဆိုပြီး စနောက်ခဲ့ပါတယ်။

G-Dragon က ဆက်ပြီးတော့ "ယောကျာ်းလေးသာဆိုရင် ငါကတော့ Dong Gubat လို့နာမည်ပေးမယ်" ဆိုပြီး G-Dragon ကလည်း အရွန်းဖောက်ခဲ့ပါတယ်..။

T.O.P ကလည်း " ငါကတော့နာမည်တစ်လုံးပဲ ပေးချင်တယ်.. အဲ့ဒါကြောင့် Dong Jeon (အကြွေစေ့) လို့နာမည်ပေးမယ်။ " ဆိုပြီး ပြောခဲ့ပါတယ်..။

Seungri ကတော့ သူ့ရဲ့ကိုယ်ပိုင် အကြံဉာဏ်လေး ဖြစ်တဲ့ "Taeyang ရဲ့အဓိပ္ပာယ်က "နေ" မဟုတ်လား ဒါကြောင့် သူ့သမီးလေးကို Dalee, Dong Dalee (လ) လို့နာမည်ပေးကြရင်မကောင်းဘူးလား.." ဆိုပြီး ထပ်ပြီး စနောက်ခဲ့ကြပါတယ်..။

အဲ့ဒီအချိန်မှာပဲ T.O.P က ထပ်ပြီး "ယောကျာ်းလေးသာဆိုရင် Dong Katsu (ဝက်သား) လို့နာမည်ပေးရင်ကော.." ဆိုပြီး အဆက်မပြတ် အရွန်းဖောက်နေခဲ့ကြပါတယ်..။

နောက်ဆုံးမှာတော့ နာမည်တွေ အားလုံးထဲမှာ အနက်နဲဆုံးဖြစ်တဲ့ နာမည်ကို G-Dragon က ပေးခဲ့ပါတယ်..။ G-Dragon က 'ငါတို့က အရှေ့ပိုင်းမှာ နေကြတာ ဖြစ်တဲ့အတွက် Dong Bang Yee Yi Ji Gook ဆိုပြီးနာမည်ပေးရင်ကော.." ဆိုပြီး သူ့ရဲ့ အကြံကို ပြောပြပေးခဲ့ပါတယ်..။

Source - Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။