အောင်မြင်မှုရရှိနေတဲ့ လူငယ်အဆိုတော်တွေထဲ ရဲရင့်အောင်လည်း တစ်ယောက်အပါအဝင်ပါ ။ အနုပညာအလုပ်တင်မက သူ့အချစ်ရေးကိုပါ ပရိတ်သတ်တွေ စိတ်ဝင်စားတာခံခဲ့ရသူပါ ။ ချစ်သူမော်ဒယ်အေငြိမ်းဖြူနဲ့အတူ ၀ါသနာပါရာအနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေပြီး ကိုယ်ပိုင်သီချင်းတွေတင်မက စတူဒီယိုခေတ်ကသီချင်းတွေ ပြန်ဆိုတာတောင် လူငယ်တွေပရိတ်သတ်တွေကြားရေပန်းစားခဲ့ပါတယ် ။

သူကတော့ သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ကနေ ပရိတ်သတ်နဲ့ မပြတ် သတင်းပေးနေတတ်သလိုပဲ သူသဘောကျအားပေးတဲ့အဆိုတော်အကြောင်းကိုလည်း ဟာသပုံလေးတစ်ခုနဲ့ အတူ ဖွင့်ပြောပြထားပါတယ် ။ သူကြိုက်တဲ့ အဆိုတော်ကတော့ မနောပါတဲ့ ။ မနောရဲ့ သီချင်းတွေဟာ မြို ့မှာရော နယ်မှာရော အောင်မြင်တာမို့ နေရာတိုင်းမှာကြားရတတ်လေ့ရှိပြီး ပါးစပ်ဖျားစွဲနေစေပါတယ် ။ အဲဒီအကြောင်းကို Troller တွေက ဟာသပုံလေးနဲ့ နောက်ပြောင်ထားတာကို ရဲရင့်အောင်က ဒီလိုထောက်ခံထားတာပါ ။ 

" ကိုယ်ဆိုလည်း အသတ်ခံရမှာပဲ နေမှမနေနိုင်တာ...

ကိုမနော Fan ပါ အဲ့သီချင်းကြားရင် လိုက်မဆိုပဲမနေနိုင်ပါ။ " တဲ့ ။

မနောရဲ့ အောင်မြင်မှုကတော့ တကယ့်ကို အားကျစရာပါ ။ အနုပညာသမားအချင်းချင်းတောင် သဘောကျကြပါတယ် ။

ကိုမနော ပရိတ်သတ်တွေ အကြိုက်တူရင် Shake သွားလိုက်တော့နော ...

သတင်းအရင်းမြစ် Yair Yint Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။