ရာသီသစ်အတွက်အကြီးအကျယ်ပြင်ဆင်မှုတွေလုပ်နေတဲ့

ရှမ်းယူနိုက်တက်ဟာရတနာပုံအသင်းရဲ့နိုင်ငံခြားသား

ကစားသမားနှစ်ယောက်ကိုခေါ်ယူခဲ့ပါတယ်။ရှမ်းအသင်း

ကခေါ်ယူခဲ့တဲ့နိုင်ငံခြားသားနှစ်ယောက်ကင်မရွန်းနောက်ခံလူ

ဝီလျံနဲ့ဂါနာတိုက်စစ်မှူးပက်ထရစ်တို့ပါ။နှစ်ယောက်စလုံးဟာ

ဒီနှစ်ဘောလုုံးရာသီရတနာပုံအသင်းရဲ့အဓိကကစားသမား

တွေဖြစ်ခဲ့ပါတယ်။

ပက်ထရစ်ဟာရတနာပုံအသင်ကို2017ဘောလုံးရာသီ

ရာသီဝက်မှာရောက်ရှိလာခဲ့ပေမယ့်မြန်မာနေရှင်နယ်လိဂ် ရ ပွဲမှာ၁၀ ဂိုး၊ ပြည်တွင်းဖလားပွဲ ၂ ပွဲမှာ

၂ ဂိုး သွင်းယူခဲ့တဲ့တိုက်စစ်မှူးကောင်းတစ်ဦးပါ။

ပက်ထရစ်ဟာရှမ်းယူနိုက်တက်ရဲ့အဓိကတိုက်စစ်မှူး

ခရစ္စတိုဖာနဲ့တွဲကစားရမှာပါ။အစကခရစ္စတိုဖာနဲ့တွဲဆော့ဖို ့

ကင်မရွန်းနိုင်ငံသားအာချာကိုခေါ်ယူခဲ့ပေမယ့်

စာချုပ်ကိစ္စအဆင်မပြေခဲ့တာကြောင့်ပြန်လွတ်ခဲ့ရပါတယ်။

ပက်ထရစ်ဟာဇွဲကပင်အသင်းမှာလက်ရှိရှမ်းအသင်းရဲ့

အဓိကကွင်းလယ်လူတင်ဝင်းအောင်နဲ့တွဲဆော့ဖူးပါတယ်။

တင်ဝင်းအောင်ရောပက်ထရစ်ရောပါဇွဲကပင်အသင်းသား

ဟောင်းတွေပါ။ပက်ထရစ်အနေနဲ့တင်ဝင်းအောင်နဲ့

ပြန်တွဲဆော့ရမှာစိတ်လှုပ်ရှားနေတယ်လို့ဆိုပါတယ်။

ကင်မရွန်းနောက်ခံလူ ၀ီလျံဟာလည်း

ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကိုဆူဒန်၊ 

ယီမင်နဲ့ထိုင်းနိုင်ငံတို့မှာကျင်လည်ခဲ့သူပါ။

၂၀၁၆ ဘောလုံးရာသီမှာတော့ရတနာပုံအသင်းကို

ရောက်ရှိလာခဲ့ပြီးနှစ်ရာသီဆက်တိုက်ကစားလဲ့သူဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းတွေရဲ့တိုက်စစ်မှူးတွေကိုမလွတ်တမ်းထိန်း

ချုပ်နိုင်နဲ့အစွမ်းကိုပိုင်ဆိုင်ထားတဲ့ဝီလျံဟာရတနာပုံပရိသတ်

တွေရဲ့အထူးအားပေးမှုကိုခံခဲ့ရသူပါ။နောက်နှစ်

ဘောလုံးရာသီမှာရတနာပုံအသင်းဟာနိုင်ငံခြားသား

ကစားသမားမခေါ်တော့ဘူးလို့ဆုံးဖြတ်လိုက်တာကြောင့်

သူတို့နှစ်ယောက်ရှမ်းကိုရောက်လာတာပါ။ရတနာပုံရဲ့

လက်နက်ကောင်းတွေပိုင်ဆိုင်သွားတဲ့ရှမ်းပေါ့။

Source -Shan UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။