ပရိသတ်အချစ်တော် အဆိုတော် ရွှေထူးကတော့ ဖျော်ဖြေပွဲသွားရင်း ပင့်သာရွာကို ရောက်ရှိခဲ့ပြီး ဘုန်းကြီးကျောင်းမှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်..။

တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်ရွှေထူးတစ်ယောက်ကတော့ အနုပညာကြေးရရှိထားတဲ့ ငွေအချို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

နယ်ဖျော်ဖြေပွဲသွားရင်း ပင့်သာရွာမှာ ရှိတဲ့ မဟာဗောဓိ ဘုန်းကြီးကျောင်းမှာ အနုပညာကြေး ရရှိငွေထဲက (၃)သိန်းကို လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

ဒီဇင်ဘာ(၂၈)ရက်နေ့မှာ နယ်ဘက်ကို ဖျော်ဖြေပွဲသွားရင်း ဘုန်းကြီးကျောင်းမှာ အလှူငွေအချို့ လှူဒါန်းခဲ့တဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်..။

“ပင့်သာရွာသို့ရောက်အမှတ်တရများ.. ဘုန်းဘုန်းတို့မဟာဗောဒိကျောင်းအတွက် ငွေကျပ် ၃ သိန်း လှူဒါန်းခဲ့ပါသည်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေက ရွှေထူးရဲ့ အလှူလေးကို ချီးကျူးသာဓုများ ခေါ်ဆိုထားတာ တွေ့ရပါတယ်..။

အဆိုတော်ရွှေထူးကတော့ တေးသီချင်းကောင်းလေးတွေ သီဆိုဖျော်ဖြေရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေ အခိုင်အမာရရှိထားပြီး အောင်မြင်နေတဲ့ အနုပညာရှင်အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ရှိုးပွဲတွေ ဆက်တိုက် သီဆိုဖျော်ဖြေနေရပြီး အောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်..။

ရွှေထူးရဲ့ တေးသီချင်းတော်တော်များများဟာ လူငယ်ပရိသတ်တွေကြား ရေပန်းစားကာ တေးသီချင်းများစွာလည်း ပေါက်ခဲ့ပြီး လူငယ်ပရိသတ်တွေကို တော်တော်လေး အကြိုက်တွေ့စေခဲ့ပါတယ်..။

Source - ရွှေထူး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။