ပရိသတ်အချစ်တော် လူရွှင်တော် ဒိန်းဒေါင်ကတော့ ဒီဇင်ဘာ(၂၉)ရက်နေ့မှာ အသက်(၄၄)နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်..။

ဒိန်းဒေါင်ရဲ့ (၄၄)နှစ်ပြည့် မွေးနေ့လေးမှာ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းများနှင့် ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားများပြောကြပြီး မိသားစုဝင်များကလည်း ဆုတောင်းစကား ပြောပေးထားကြပါတယ်..။

သမီးလေးဖြစ်သူ ဒိန်းပိုပိုဒေါင်ကလည်း ဖခင်အတွက် မွေးနေ့ဆုတောင်းလေးကို ချစ်စရာကောင်းတဲ့ မွေးနေ့ဆုတောင်းစာလေးနဲ့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်..။

“ချစ်ရသောဖေဖေ.. ပထမဦးဆုံးပြောချင်တာကတော့ ဒီနေ့မွေးနေ့ 44 နှစ်မြောက်မှသည် နောင်နှစ်ပေါင်း ၁၀၀ကျော်ထိတိုင်အောင် ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုုင်ပေးပါ..။

ဒုတိယပြောချင်တာကတော့ ဖေကြီးပေါ် အသိတတ်ဆုံးဒီသမီးလေးကိုလဲ အနုပညာအလုပ်တွေလုပ်ပေးမယ် လုပ်ပေးမယ်နဲ့ ခဏခဏ ပုံပြင်မပြောပါနဲ့..

တတိယပြောချင်တာကတော့ ဒီသမီးလေးတွက် ကမ္ဘာပေါ်မှာ အချစ်ရဆုံးသော တစ်ဦးတည်းသောဟာ ဖေကြီးတစ်ယောက်ထဲပါပဲ..” ဆိုပြချစ်စရာကောင်းေလောက်အောင် ဆုတောင်းစကားလေးကို ပြောပေးထားတာ ဖြစ်ပါတယ်..။

မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ပြီး မိခင်ဖြစ်သူကိုလည်း ပတ္တမြားနားကပ်တစ်ရံ ကန်တော့ခဲ့ပြီး မွေးနေ့လက်ဆောင်အဖြစ် မိခင်ရဲ့ ထမိန်အထက်စင်လေးကို ပြန်တောင်းခဲ့တယ်လို့ ဆိုပါတယ်..။

ဒိန်းဒေါင်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကလည်း မွေးနေ့အကြိုအဖြစ် မိခင်ဖြစ်သူကို ငွေ သိန်း(၅၀)နဲ့ ကန်တော့ခဲ့သေးတာ တွေ့ရပါတယ်..။

မွေးနေ့ကိုတော့ သူ့ရဲ့ နေအိမ်မှာပဲ ပြုလုပ်ခဲ့ပြီး ရပ်ကွက်အတွင်း လမ်းသူလမ်းသားတွေကိုလည်း ဆန်တစ်ပြည်၊ ကလေးတစ်ယောက် မုန့်ဖိုး(၁၀၀၀)စီနဲ့ ကြာဇံကြော်တို့ကို မွေးနေ့အလှူအဖြစ် ကုသိုလ်ယူလှူဒါန်းခဲ့တဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

လူရွှင်တော် ဒိန်းဒေါင်ကတော့ သူ့ရဲ့(၄၄)နှစ်ပြည့် မွေးနေ့မှာ မွန်မြတ် ဒါနကုသိုလ်တွေနဲ့ ပြုလုပ်လှူဒါန်းရင်း မွေးနေ့လေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကုသိုလ်ယူ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

Source - မြတ်နိုးဦး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။