နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ အိချောပိုတစ်ယောက် လတ်တလောမှာ “ စစ်ကို မုန်း၍ တိုက်ခဲ့သည် ” ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း နဲ့အမိုက်စား သရုပ်ဆောင်ချက်တွေက ပရိတ်သတ်တွေကို အများကြီးဆွဲဆောင်နိုင်ခဲ့တဲ့ အခန်းကဏ္ဍတွေပါပဲ။ သူမရဲ့ လှပလွန်းတဲ့ခန္ဒာကိုယ်ကောက်ကြောင်းကြောင့် ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေသူ လေးပါပဲ။ လှပပြီးစွဲဆောင်မှုအပြည့်ရှိတဲ့ သူမရဲ့ပုံစံလေး ကြောင့် ပရိတ်သတ်တွေက တခဲနက် အားပေးကြတာပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာ ကိုရိုက်ကူးခဲ့ပြီး ပရိတ်သတ်အားပေးမှုတွေလဲ အများအပြားရရှိထားတဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူမ နယ်မှာ ဇာတ်ကားရိုက်နေစဉ်အတွင်းမှာပဲ ဘယ်သူမှန်းမသိခဲ့ရ တဲ့ ပရိတ်သတ်တစ်ယောက်က သူမရဲ့ပုံတူပန်းချီလေးကို ရေးဆွဲပြီး “ ချစ်လှစွာသောစူစူ အတွက် ” ဆိုတဲ့ စာလေးကိုရေးပြီး လက်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ သူမ လတ်တ လောမှာ ရိုက်ကူးနေတဲ့ စစ်ကားလေးတစ်ကားရဲ့ ရိုက်ကွင်းပေါ်မှာ သူမရဲ့လုံးဝအကြွေစင် ပုံရိပ်တွေကို ရိုက်ကူးပြီး ပရိတ်သတ်တွေအတွက် တင်ပေးထားတာဖြစ်ပါတယ်။ လုံးဝကို လှပလွန်းနေတဲ့ သူမရဲ့ခန္ဒာကိုယ် ကောက်ကြောင်းဟာ အထင်းသားပေါ်လွင်နေပြီး အရမ်း ကိုစွဲဆောင်မှုရှိတဲ့ ပုံလေးတွေပါပဲ။

ပုံထဲမှာ သူမက ရဟတ်ယာဉ်တစ်ခုပေါ်မှာ ထိုင်ပြီးအလှပြနေတဲ့ အမိုက်စားပုံရိပ်တွေပဲ ဖြစ်ပါတယ်။ စစ်ဝတ်စုံအစိမ်းရောင်ဘောင်းဘီနဲ့ စစ်စိမ်းရောင်အင်္ကျ ီလေးကိုဝတ်ကာ နေကာမျက်မှန်တပ်ပြီး ဆံပင်အတိုလေးကို ဖြန့်ချထားကာ ခပ်ချေချေလေး Pose ပေးနေတဲ့ သူမရဲ့ပုံစံက တကယ်ကို အသည်းယားစရာပါပဲ ပရိတ်သတ်ကြီးရေ။ အိချောပိုရဲ့ အမိုက် တကာ့ အမိုက်ဆုံးပုံရိပ်တွေကို စာဖတ်သူတွေလည်း တွေ့မြင်နိုင်အောင် ဖော်ပြပေးလိုက်ပြီ နော်။

Photo – Ei Chaw Po’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။