ဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ သူ့ရဲ့ မွေးနေ့လေးမှာ အဖိုးတန်တဲ့ လက်ဆောင်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်..။

ဒီဇင်ဘာ(၂၉)ရက်နေ့ဟာ ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ အသက်(၃၇)နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပြီး မွေးနေ့လေးကိုလည်း ကုသိုလ်ယူလှူဒါန်းမှုများနဲ့ ဖြတ်သန်းခဲ့တာ တွေ့ပါတယ်..။

ဒီဇင်ဘာ(၂၉)ရက်နေ့ကတော့ ကျော်ဇင်ထွဋ်ရဲ့ မွေးနေ့ရက်လေးဖြစ်သလို သူတို့မိသားစုရဲ့ အိမ်သစ်တတ်တဲ့ အိမ်တတ်မင်္ဂလာနေ့လေးလည်း ဖြစ်ပါတယ်..

အိမ်တတ်အလှူအဖြစ် အိမ်နီးချင်းနေအိမ်များကို ဒံပေါက်များ လိုက်ဝေပေးခဲ့ပြီး မွေးနေ့အလှူအဖြစ် ဘုန်းကြီးဝတ်ခဲ့တဲ့ “သုခါရာမ” ဘုန်းကြီးကျောင်းတိုက်ကို ဒံပေါက်ထုပ်များ သွားရောက်လှူဒါန်းခဲ့ကာ ဘုန်းဘုန်းက နိုင်ငံခြားက ပင့်ဆောင်လာတဲ့ မြဘုရားလေးကို မွေးနေ့နဲ့ အိမ်တတ် မင်္ဂလာ လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်..။

မွေးနေ့မှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး အဖိုးတန်တဲ့ လက်ဆောင်လေးကိုလည်း ရလိုက်တဲ့အကြောင်းကို ကျော်ဇင်ထွဋ်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း မိတ်ဆွေသူငယ်ချင်းများနဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားလေးများ ပြောပေးထားတာ တွေ့ရပါတယ်..။

ဇာတ်ပို့သရုပ်ဆောင် ကျော်ဇင်ထွဋ်ကတော့ သူ့ရဲ့ ကျွမ်းကျင်ပီပြင်တဲ့ ဇာတ်ရုပ်တွေကြောင့် ယနေ့တိုင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်..။

ဗီလိန်ဇာတ်ရုပ်တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

Source - ကျော်ဇင်ထွဋ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။