မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းထိပ်ထားစံတစ်ယောက်ကတော့ သူမရဲ့ ချစ်စရာ ကောင်းတဲ့ ပုံရိပ်လေးတွေကို ထပ်မံမျှဝေလိုက်ပြန်ပါပြီ ပရိတ်သတ်ကြီးရေ။ လှပလွန်းတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းကြောင့် ကိုကိုပုရိသတွေရဲ့ကြားမှာ ရေပန်းစားနေသူလေးတစ် ယောက်ပေါ့။ သူမဟာ မော်ဒယ်လောက ကနေသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလမ်းကြောင်း ပေါ်ကို လျှောက်လှမ်းလာတာဖြစ်ပြီး လက်ရှိမှာတော့ ဇာတ်ကားတွေရိုက်ကူးနေရပြီဖြစ် ကာ ပရိတ်သတ်အားပေးမှုကိုလည်း ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

မြန်မာဝတ်စုံလေးတွေကို လှလှပပချုပ်ဝတ်ပြီး ကြွေချင်စရာကောင်းအောင် နန်းဆန်သူ လေးပါ။ မြန်မာဝတ်စုံလေးတွေရဲ့ ကျက်သရေရှိတဲ့ လှပမှုလေးတွေကို သူမရဲ့ကြွေချင်စ ဖွယ် ခန္ဓာကိုယ် ကောက်ကြောင်းလေးနဲ့ ပေါင်းစပ်ပြီး စွဲမက်ဖွယ်အလှတရားစစ်စစ် တစ်ခု ကို ဖန်တီးခဲ့သူပေါ့။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေကလည်း ချစ် ခင်အားပေးခဲ့တာဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာရရှိထား ပြီပဲဖြစ်ပါတယ်။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို " သူဘယ်မှာလဲ သတိရနေတယ်....... တခါတလေတော့ လဲ လွမ်းမိပါတယ်........ဟောင်းတဲ့အချစ်အသစ်ဖစ်ဖို့ စဉ်းစားတိုင်း နှမျောတသ လွမ်းဆွတ် လို့ သတိရနေတယ်..... " ဆိုပြီး ကြည်နူးဖွယ်သီချင်းစာသားလေးနဲ့ရောယှက်ပြီး တင်ထား တာဖြစ်ပါတယ်။ မြန်မာဆန်ဆန်လှပပြီး ကြွေချင်စရာကောင်းလွန်းတဲ့ နန်းထိပ်ထားစံရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Nan Htaik Htar San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။