ထက်ထက်မိုးဦးဆိုရင် ကလေးအစလူကြီးအဆုံး ချစ်ခင်ကြတဲ့ အနုပညာလောကရဲ့ နာမည်တွင်ကျန်ရစ်မယ့် မင်းသမီးတစ်ယောက်လို့ လူတိုင်းသိကြပါတယ် ။

သူမရဲ့ ဟန်ပန်အမူအယာလေးတွေဟာဆိုရင် ချစ်စရာခင်စရာကိုကောင်းနေတာမို့ ချစ်မွှေးပါတဲ့ မင်းသမီးတစ်လက်လို့တောင် ဆိုရမှာပါ ။ တီဗီကြော်ငြာတွေတိုင်းမှာ

သူမရဲ့ ပုံရိပ်တွေပဲမို့ တစ်ခေတ်တစ်ခါက ကြော်ငြာဘုရင်မရယ်လို့တောင် နာမည်တွင်ခဲ့သူလည်းဖြစ်ပါတယ် ။ သူတို့မိသားစုမှာ အနုပညာအလုပ်လုပ်တာ ထက်ထက်မိုးဦးတစ်ယောက်ထဲတော့မဟုတ်ပါဘူး ။ သူမ အကို ဖြစ်သူကလည်း အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ် ။ သူ့နာမည်ကတော့ ထက်နိုင်အောင်ပါ ။ 

အောင်မြင်ချင်တာ ငွေရေးကြေးရေးတို့ကိုထည့်မတွက်ဘဲ ပရိတ်သတ်ကို အနုပညာချပြချင်တဲ့စိတ်တစ်ခုနဲ့ပဲ အနုပညာလောကထဲကို ပြန်ဝင်လာခဲ့တယ်ဆိုတဲ့ ကိုထက်နိုင်အောင်က လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပေမယ့် ကျန်းမာရေးအခြေအနေချို ့တဲ့လာတာကြောင့် အနားယူခဲ့ရသူပါ ။ ခုတော့ပြန်ကောင်းလာပြီမို့ အလုပ်တွေပြန်လည်လုပ်ဆောင်တော့မယ်လို့ Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ရပ်မှာ ဖြေဆိုထားပါတယ် ။

ထက်ထက်မိုးဦးကတော့ ခုချိန်မှာ သီလရှင်ဝတ်နေပြီး သီလရှင်ဝတ်နဲ့ ပျော်သလောက်နေမယ်လို့ ဆိုခဲ့တာမို့ အနုပညာလောကနဲ့ခေတ္တပြန်လည် ဝေးကွာနေဦးမှာပါ ။ ဒါကြောင့်မို့ လက်ရှိမှာ မောင်နှမနှစ်ယောက် အတူတွဲ သရုပ်မဆောင်နိုင်သေးပေမယ့် နောက်ပိုင်းမှာတော့ မြင်တွေ့ရဖို့ ရှိနိုင်ပါတယ် ။ အနုပညာလောကထဲကိုပြန်လည်ဝင်ရောက်လာတဲ့ မထက်ရဲ့ အကိုကိုလည်း အားပေးလိုက်ကြရအောင် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။