Alpha Zero လို့ခေါ်တဲ့ ဉာဏ်ရည်တုစက်ရုပ် ဟာ ကမ္ဘာ့စစ်တုရင်ချန်ပီယံ ကို စစ်တုရင်ရွှေ့့ကွက်အသစ်တွေနဲ့ အနိုင်ယူသွားနိုင်တယ်လို့ သိရပါတယ်။ ထိုစက်ရုပ် ဟာ အဆိုပါ ကစားပွဲမှာ ကမ္ဘာ့စစ်တုရင်ချန်ပီယံကို အနိုင်ယူလိုက်နိုင်တဲ့ ရွှေ့ကွက်အချို့ဟာဆိုလျှင် နှစ်ပေါင်း ၁၅၀၀ အတွင်းမှာ လူသားတွေတစ်ခါမှ အသုံးမပြုခဲ့ဘူးတဲ့ အကွက်တွေလို့လည်း သိရပါတယ်။ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ စက်ရုပ်တွေရဲ့ လုပ်နိုင်စွမ်းဟာ စက်ရုပ်တွေရဲ့လုပ်နိုင်စွမ်းဟာ လက်တွေ့ဆန်လာပြီး အတော်လေးကို ကြောက်စရာကောင်းလာပါတယ်။ 

အဆိုပါ Alpha Zero လို့ခေါ်တဲ့ စက်ရုပ်ဟာ Chess ကစားနည်းကို လေးနာရီအတွင်း သင်ယူခဲ့ပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံကိုတောင် အနိုင်ယူသွားနိုင်ခဲ့တာပါ ။ထိုသင်ယူနေတဲ့ နာရီအနည်းငယ်အတွင်းမှာ Alpha Zero ဟာ Chess ကစားနည်းကို ရာစုနှစပေါင်းများစွာ ဘယ်လို ကစားခဲ့လဲဆိုတာ သင်ယူလေ့လာခဲ့ပါတယ်.ဒါကြောင့် ထိုစက်ရုပ်ကစားပြသွားတဲ့ တချို့စစ်တုရင်အကွက်တွေဟာ ဆိုလျှင် နှစ်ပေါင်း ၁၅၀၀ အတွင်းမမြင်ဖူးဘူးလို့ ပညာရှင်တွေက တွက်ပြထားပါတယ်။

ထို စက်ရုပ်ကို Deep Mind ဆိုတဲ့ နည်းပညာကုမ္ပဏီကနေ ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ထိုကုမ္ပဏီဟာ ကွန်ပျူတာပရိုဂရမ်တွေ၊ စက်ရုပ်တွေကို ကိုယ်တိုင်လေ့လာနိုင်အောင် လုပ်ပေးနေတာလဲဖြစ်ပါတယ်။အဆိုပါ ကုမ္ပဏီကို ကမ္ဘာကျော် Google ကုမ္ပဏီင်္က ပေါင် ၄၀၀မီလျံနဲ့ ၂၀၁၄ခုနှစ်မှာဝယ်ယူခဲ့ပါတယ်။ Alpha Zero လို ဉာဏ်ရည်တုစက်ရုပ်တွေဟာ Chess ကစားတာထက်ပိုပီးတော့ ဘဝနဲ့ဆိုင်တဲ့ သေရေးရှင်ရေးတွေနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမျိုးမှာလည်း အသုံးချနိုင်ပါတယ်

Source : Aung Phyo Oo (Myanmar Mobile app)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။