၁၅။ မြန်မာ့ပထမဆုံးသူနာပြုသင်တန်းကျောင်းကို ရန်ကုန်ဆေးရုံကြီးတွင် ၁၈၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ ။

၁၆။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီ ရွှေစင်ဆုကို ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

၁၇။ လေယာဉ်ပြန်စီးပြီးရိုက်ကူးသည့် မြန်မာ့ပထမဆုံးရုပ်ရှင်မှာ" လူစွမ်းကောင်း"ဖြစ်ပါတယ်။

၁၈။ မြန်မာ့ပထမဆုံးကသံလွှင့်ဇတ်(Radio Player )မှာ ဆရာဇော်ဂျီ၏ " စိန်တစ်လုံး ဇတ်လမ်းဖြစ်ပါတယ် ။

၁၉။ မြန်မာ့ပထမဆုံး မီးခြစ်စက်ရုံကို ဒုတိယကမ္ဘာစစ်မဖြစ်မီက တွံတေးမြို့နယ် ခနောင်တိုကျေးရွာမှာ တည်ထောင်ခဲ့တာပါ ။

၂၀။ မြန်မာ့ပထမဆုံးမြို့တော်မှာ အနော်ရထာမင်း ( ၁၀၄၄ အေဒီ) က တည်ထောင်ခဲ့သော ပုဂံမြို့ဖြစ်ပါတယ် 

၂၁။ မြန်မာ့ပထမဆုံးယက်ကန်းကျောင်းမှာ အမရပူရမှ " ဆောင်းဒါးစ် " ယက်ကန်းကျောင်းဖြစ်ပါတယ် ။

၂၂။ Mary Chapman နားမကြားခလေးများကျောင်း၏ ပထမဆုံး ကျောင်းသားမှာ ဟင်္သာတမြို့မှ ရ နှစ်သားလေး "မောင်ဘိုဘို " ဖြစ်ပါတယ် ။

၂၃ ။ စန္ဒယားကို မြန်မာသံစဉ်ဖြင့် ပထမဆုံးတီခတ်သူမှာ ဆရာညွှန့် ဖြစ်ပြီး

၁၉၁၀ ပြည့်နှစ်တွင် စတင်တီးခတ်ခဲ့သည် ။

၂၄။ ဆရာကြီးပီမိုးနင်း၏ ပထမဆုံး ဝတ္ထုမှာ ဘီအေမောင်မောင်တင့် နှင့် ကချေသည်မယ်မြင့်ဖြစ်ပြီး ၁၉၁၅ ခုနှစ် ဧပြီလကထုတ်ဝေခဲ့တာပါ ။

၂၅။ အမည်တစ်လုံးတည်းပါဝင်သော ပထမဆုံးမြန်မာ့ရုပ်ရှင်မှာ ၁၉၄၇ ခုနှစ်က ဆွေဗမာဖလင်မှ ရိုက်ကူးသည်း " အား " ဖြစ်ပါတယ်။

၂၆။ မြန်မာနိုင်ငံတွင် လက်ဗွေပုံစံယူခြင်းစနစ်ကို ၁၉၀၀ ပြည့်နှစ်မှ စတင်အသုံးပြုခဲ့သည် ။

၂၇။ ပထမဆုံးမြန်မာ့ ရုပ်ရှင်မင်းသားမှာ ဦးညီပုဖြစ်ပြီး ပထမဆုံးရုပ်ရှင် မင်းသမီးမှာ မအေးကြည်ပါတဲ့။

၂၈။ ပထမဆုံးမြန်မာဇတ်ညွှန်းမှာ philip မိုးနင်း ( ပီမိုးနင်း ) ဖြစ်ပြီး ပထမဆုံးမြန်မာဒါရိုက်တမှာ ဦးတုတ်ကြီး ဖြစ်ပါတယ် ။

၂၉။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ဇန်နဝါရီ ၈ ရက်နေ့က သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ခဲ့တာပါ ။

၃၀။ ပထမဆုံး ကာတွန်းရုပ်ရှင်မှာ " ကြက်တောင်ကွ " 1934 ဖြစ်တယ်တဲ့။

Source : အောင်သင်းအတွေး ၊ အောင်သင်းစကား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။