မမြတ်လေးလို့ချစ်စနိုးခေါ်ကြတဲ့ နိုင်ငံကျော်မင်းသမီးချောရဲ့ လတ်တလောအနုပညာ လှုပ် ရှားမှုလေးတွေကို ပြန်လည်မျှဝေချင်ပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ ချစ်စရာကောင်း လွန်းကာ ပြည့်စုံလွန်းတဲ့ ကိုယ်နေဟန်ထားကတော့ ရင်သက်ရှုမောဖွယ်ပါပဲ။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာတော့ လှပလွန်းတဲ့အနီရောင်ဂါဝန်လေးနဲ့ ပရိသတ်တွေကြားမှာ ဓာတ်ပုံများ ရိုက်ကူးပေးရင်း ပျော်ရွှင်လို့နေပါတယ်။ ပါးချိုင့်မင်းသမီးလေးလို့ တင်စားရ လောက်အောင် ချစ်ဖို့ကောင်းနေတာပါပဲ။

သူမရဲ့ အသက်(၃၁)နှစ်အရွယ်မှာ ရလိုက်တဲ့ အကျင့်ကောင်းလေးတွေက ပတ်ဝန်းကျ င်ကချစ်ရသူတွေကို အချိန်ပေးပြီး ချစ်ရသူတွေနဲ့ စကားများများပြောကာ ပျော်ရွှင်စွာနေဖို့ပဲ ဖြစ်တယ်လို့ဆိုပါတယ်။

သူမကို ချစ်တဲ့သူတွေကတော့ “ ခေါက်ထီးလေးမလုံ့တလုံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ယခုနှစ်ရဲ့ အကယ်ဒမီကိုခန့်မှန်းပေးနေကြပါတယ်။ နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာပွဲကို ကြည့်ပြီး အားကျနေတာကြောင့် သူမရဲ့ အချစ်ရေးကို ပရိသတ်က မေးမြန်းနေကြပါတယ်။ အသက် (၃၅)နှစ်မှာ အိမ်ထောင်ပြုချင်တယ်လို့လဲ ပြောပြထားပါသေးတယ်။

မင်းသမီးတစ်ယောက်ဆိုပေမယ့်လည်း သူမရဲ့အပြင်ဘဝမှာတော့ သာမန်လူတွေလိုပဲ ရိုးရှင်းစွာဖြတ်သန်းတက်သူပါ။ ဟိတ်ဟန်မရှိပဲ သဘာဝကျတဲ့ သူမရဲ့ပုံလေးတွေကို ပရိသတ်ကြီးမြင်တွေ့ရင်တော့ ဒါကိုလက်ခံမှာ အသေအချာပါ။ ဒါကြောင့် သူမကိုချစ်တဲ့ ပရိသတ်ကြီးအတွက် သဘာဝကျတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။

Source – Aye Myat Thu FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။