အိမ်မှာနေရတာ ငြီးစီစီကြီး၊ တစ်မျိုးကြီးဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား။ အိမ်ထဲမှာ သင်မမြင်နိုင်တဲ့ မကောင်းတဲ့အငွေ့အသက်တွေ တစ်ခါတစ်ရံရှိနေတတ်ပါတယ်။ ဒါကို ဖျက်ပြီး နေချင်စရာကောင်းတဲ့အိမ်လေးဖြစ်ဖို့ အောက်ပါရိုးရှင်းတဲ့နည်းကို သုံးနိုင်ပါတယ်။ 

နည်းလမ်းကတော့ ဖန်ခွက်တစ်ခွက်ရယ်၊ ဆားရယ်၊ ဗီနီဂါရည်ရယ်ပဲလိုတယ်လို့ ဆိုပါတယ်။ ဖန်ခွက်ထဲ ဆားအနည်းငယ်၊ ရေအနည်းငယ်၊ ဗီနီဂါရည်အနည်းငယ်ကို ရောထည့်ပြီး အိမ်ရဲ့ ဧည့်ခန်းဖြစ်ဖြစ်၊ အိပ်ခန်းဖြစ်ဖြစ် သင်အလိုရှိတဲ့နေရာမှာထားထားပါ။ တစ်ရက်ကြာအောင်ထားရမှာဖြစ်ပါတယ်။

၂၄နာရီပြည့်တဲ့အခါ ဖန်ခွက်ကိုပြန်လာစစ်ပါ။ ဆားအခြေအနေကိုကြည့်ပါ။ ဆားတွေက အပေါ်ကို တက်နေတယ်၊ ဒါမှမဟုတ် ရေလျှံကျနေမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထပ်မံပြုလုပ်ပြီးထားပါ။ ဆားတွေအပေါ်တက်တာရပ်တဲ့အထိ ထားရမှာဖြစ်ပါတယ်။ အိမ်ထဲလူမမြင်တဲ့နေရာမှာထားရင် မကောင်းတဲ့အငွေ့အသက်တွေ စုပ်ယူပေးပြီး အိမ်မှာနေရတာ ပိုပြီး ပျော်ဖို့ကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။