နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ နန်းစုရတီစိုးတစ်ယောက် သူမဘန်ကောက် သွားတုန်းက ပုံဟောင်းလေးတွေကို ပြန်တင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ လွတ်လပ်ပျော်ရွှင်နေ တဲ့ ပုံရိပ်လေးတွေက မြင်ရတာကြည်နူးစရာပါပဲ ပရိတ်သတ်ကြီးရေ။ ထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့ အလှအပတွေနဲ့ သူမရဲ့ချစ်စရာကောင်းပုံလေးတွေကို ပေါင်းစပ် ထားတဲ့ ကဗျာဆန်ဆန်ပုံရိပ်လေးတွေ က ပရိတ်သတ်တွေကို တကယ်ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမဟာ သီချင်းခွေတွေလည်းထွက်ရှိထားပြီး ပရိတ်သတ်အားပေးမှုကိုလည်း အခိုင်အမာ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပိုင်းအပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန် ပြီး ဘက်စုံရ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

သူမနောက်ဆုံးသီဆိုထွက်ရှိထားတဲ့ “ ရူးအောင်ချစ်ရသူ ” ဆိုတဲ့သီချင်း MTV လေးကို သူမရဲ့ချစ်သူ အဆိုတော် G-Fatt နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပြီး ကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်း လေးကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။ နှစ်ယောက်သားကလည်း အရမ်း ကိုချစ်ကြပြီး ရိုဆန်လွန်းတဲ့ စုံတွဲတစ်တွဲပါပဲ။ နန်းစုတစ်ယောက် ပြည်ပခရီးသွားနေချိန်တွေ မှာ G-Fatt က ချစ်စာလွှာလေးတွေကို ပို့ပေးပြီး ကြည်နူးကြပါတယ်။ ပရိတ်သတ်အားကျတဲ့ ဆယ်လီစုံတွဲတွေထဲက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

သူမရဲ့ချစ်စဖွယ်ပုံလေးတွေကိုတင်ပြီး “ ချစ်လားသူ့ကို ” ဆိုပြီးမေးထားတာဖြစ်ပါတယ်။ အဖြူနဲ့ အနက်ကို တွဲဖက်ဝတ်ဆင်ထားပြီး ရိုးရိုးလေးချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးက ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုရယူလိုက်သလိုပါပဲ။ ပုံဟောင်းလေးဖြစ်ပေမယ့် သူမရဲ့အလှ တွေက ဟောင်းနွမ်းမသွားပဲ အမြဲလှနေဆဲပဲဖြစ်ပါတယ်။ နန်းစုရဲ့ပရိတ်သတ်တွေအတွက် သူမရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Nan Su Yati Soe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။