နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ပြီး ပရိတ်သတ်အချစ်တော်တစ်ဦးလည်းဖြစ်တဲ့ အကယ် ဒမီ ခိုင်သင်းကြည်တစ်ယောက် နေပြည်တော်မှာကျင်းပတဲ့ ရွှေနန်းတော်ကံစမ်းမဲဖောက် ပွဲမှာ အလှကြီး လှနေပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည် ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာ ကောင်းတဲ့ သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီ လည်းဖြစ်ပါတယ်။ သမီးဖြစ်သူက မိခင်ရဲ့ခြေရာကိုအပြည့်အဝနင်းမယ့် အနုပညာသည်ပေါက် စလေးပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ ဆယ့်ငါးနှစ်ပြည့်မြောက်သွားတာဖြစ်ပြီး လက်ရှိ မှာတော့သူမက ကြော်ငြာတွေရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

သမီးဖြစ်သူဟာ သွက်လက်လွန်းတာမို့ ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းချက်တွေရှိပေမယ့် သူမအနေနဲ့ သမီးဖြစ်သူဟာ အခုချိန်မှာ ရုပ်ရှင်ရိုက်ကူးဖို့ထိ မလုပ်နိုင်သေးတာကြောင့် လက်သင့်မခံခဲ့ဘူးလို့ ဆိုပါတယ်။ သားမိနှစ်ယောက်အတူတူတွဲရိုက်ထားတဲ့ပုံလေးတွေဟာ သားအမိလို့တောင်မထင်ရပဲ ညီမလို့တောင်ထင်ရလောက်အောင်ကို မခိုင်လေးက နုပျိုလွန်း သူပဲဖြစ်ပါတယ်။ သူမကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေအမြောက်အများရှိနေပြီး သူမ ဟာလည်း အောင်မြင်မှုကို ကြာရှည်စွာထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါ တယ်။

အနုပညာသက်တမ်းတစ်လျှောက်လုံးမှာ နာမည်ပျက်လုံးဝမရှိပဲ ပရိတ်သတ်တွေရဲ့အချစ် တွေကိုသာ အမြဲသိမ်းပိုက်ခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့ယနေ့ဖက်ရှင်ကတော့ ပန်းသွေး ရောင်၊ အသားရောင်၊ မိုးပြာရောင် စတဲ့ အရောင်တွေကိုစပ်ပြီး ချုပ်လုပ်ထားတဲ့မြန်မာဝတ်စုံ လေးပဲဖြစ်ပါတယ်။ အမြင်လေး တစ်မျိုးဆန်းစေပြီး သူမနဲ့တကယ်ကိုလိုက်ဖက်လွန်းပါတယ် ပရိတ်သတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ မခိုင်လေးရဲ့ လှပမှုတွေကို ပရိတ်သတ်ကြီးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

Photo – Khine Thin Kyi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။