အီဒင်ဟာဇက်ဟာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ဇယားထိပ်တိုက်ပွဲအတွက် လာမဲ့ပွဲတွေဖြစ်တဲ့ မန်စီးတီး၊လီဗာပူးလ်တို့နဲပွဲဟာ အရေးကြီးကြောင်း ချဲလ်ဆီးရဲ့ ရပွဲဆက်တိုက်အနိုင်ရပြီးနောက် ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ စပါးလ်အသင်းကို ပက်ဒရို၊ မော့ဆက်တို့ သွင်းဂိုးများနဲ့အတူ ၂ ဂိုး ၁ဂိုးဖြင့် အနိုင်ရယူပြီးနောက် ဇယားထိပ် နံပါတ်၁နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

အီဒင်ဟာဇက်နဲ့ သူ့အသင်းဖော်အပြာရောင်တပ်သားများဟာ ဒီရာသီရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေဖြစ်တဲ့ လာမဲ့အပါတ်မှာတော့ မန်စီးတီးနဲ့အဝေးကွင်းကန်ရမှာဖြစ်ပြီး လီဗာပူးလ်နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ မန်စီးတီးက ချဲလ်ဆီးအသင်းကို ဇယားထိပ်ကနေ ဖယ်ထုတ်နိုင်ခြေရှိ မရှိမေးမြန်းရာမှာတော့

“မန်စီးတီးနဲ့လီဗာပူးလ် နှစ်သင်းစလုံးက အသင်းကောင်းတွေပါ။ သူတို့ရဲ့ ကောင်းမွန်မှုတွေကို အဆုံးသတ်နိုင်ရင်တော့ သူတို့အထက်မှာပဲ ကျွန်တော်တို့ဆက်လက်ရှိပါလိမ့်မယ်။” လို့ အီဒင်ဟာဇက်က ဖြေကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ မန်ယူနဲ့ စပါးလ်ကို အနိုင်ယူခဲ့အပြီးမှာတော့ သူတို့ရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ဒါပေမယ့် အီဒင်ဟာဇက်ကတော့ အီတီဟတ်ကွင်းမှာ အနိုင်ယူနိုင်ပါမှာသာလျှင် မှန်ကန်တဲ့ အကောင်းဆုံးပုံစံဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

Credit: Rex Features

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။