ရွှေအိမ်စည်ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ ပရိတ်သတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါ တယ်။ အသက်ငယ်ပေမယ့် ပညာဗဟုသုတပြည့်ဝပြီး အဖက်ဖက်ကပြည့်စုံနေတဲ့ မော်ဒယ် တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ Miss Grand International 2017 ပွဲကိုသွားရောက် ယှဉ်ပြိုင်ရမယ့် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်တစ်ဦးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် သွားရောက်မယှဉ်ပြိုင်ဖြစ်တော့ပဲ မော်ဒယ်လုပ်ငန်းမှာပဲ စိတ်နှစ်ပြီး ကြိုးစားနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ မော်ဒယ်အလုပ်ကို သာ စိတ်ဝင်စားပြီး သရုပ်ဆောင်ဖက် ကိုတော့ သိပ်အားမသာဘူးလို့ဆိုပါတယ်။

သူမနဲ့လိုက်ဖက်မယ့်ဇာတ်လမ်းမျိုးတွေ့ရင်တော့ ရိုက်ဖြစ်မယ်လို့ဆိုပါတယ်။ လှပလွန်းတဲ့ သူမရဲ့ ကောက်ကြောင်းတွေမှာ ကျရှုံးကြွေကျခဲ့တဲ့ ကိုကိုပုရိသတွေကလည်း အများအပြား ပါပဲ။ ရုပ်ရည်၊ ခန္ဓာကိုယ်၊ အရပ်အမောင်း၊ ပညာ ဘာမှပြောစရာမလိုအောင်ပြည့်စုံလွန်းတဲ့ သူမဟာ ပရိတ်သတ်တွေ ရဲ့ အသည်းကျော်ဖြစ်နေတာဟာ ဆန်းပြားတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ လက်ရှိမှာတော့ သူမရဲ့ လုံးဝကိုဂေါ်တဲ့ပုံရိပ်တွေဟာ ပရိတ်သတ်တွေကြား မှာရေပန်းစားလွန်းနေပါတယ်။

ပုံရိပ်တွေထဲမှာ သူမက အနက်ရောင်နဲ့လိမ္မော်ရောင်ကို တွဲဖက်ဝတ်ဆင်ထားပြီး ဆိုက်ကားပေါ် မှာ Pose အလန်းစားတွေပေးနေတာပဲဖြစ်ပါတယ်။ ရေသန့်ပို့တဲ့လှည်းနား မှာလည်း သူမ ရဲ့နောက်ကျောအလှကို အသားပေးပြီးရိုက်ကူးထားတဲ့ပုံရိပ်တွေက တကယ်ကိုကြွေဆင်းချင် စရာပါပဲ။ လမ်းမထက်မှာ အမိုက်စားပုံရိပ်တွေကို ရိုက်ကူးထား တဲ့သူမရဲ့ အမိုက်စားမှတ် တမ်းတွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပြီနော်။

Photo – Htet Aung Kyaw’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။