အနုပညာလောကထဲကို ကလေးဘဝတည်းက ဝင်ရောက်လာသူတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူကတော့ မင်းသားအိစိကွေး ဖြစ်ပါတယ်။ အိစိကွေးဟာ လက်ရှိမှာတော့ တက္ကသိုလ်တက်ရောက်နေပြီဖြစ်ပြီး ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလို့နေပြီဖြစ်ပါတယ်။ ဆယ်ကျော်သက်အနုပညာရှင်အဖြစ် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီး လက်ရှိမှာတော့ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ 

အိစိကွေးတစ်ယောက်ကတော့ ပုဂံကို အလုပ်ကိစ္စနဲ့ရောက်တုန်း surprise အလုပ်ခံလိုက်ရပါတယ်တဲ့ ပရိသတ်ကြီးရေ။ Surprise လုပ်တဲ့ သူကတခြားတော့မဟုတ်ပါဘူး သူတည်းနေတဲ့ ဟိုတယ်က အမှတ်တရဖြစ်အောင် surprise လုပ်ပေးတာလို့ အိစိကွေးရဲ့ လူမှုစာမျက်နှာကတဆင့် သိရပါတယ်။ သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ "ရူတင်က ပြန်လာ Hotel က Surpries လုပ်ထားတော့ အမောကိုပြေလို့" ဆိုပြီး ရေးတင်ထားတာ တွေ့ရပါတယ်။ 

ထို post အောက်မှာတော့ ဇာတ်ရံသရုပ်ဆောင် ကိုဒေါင်းဝေက "ဟိုလ်တည်ပိုင်ရငှ်ကအခြောကကြီးလားမသိဘူး ညကြတံခါးတေသေချာပိတ်အိပ် ငါ့ညီ အဟမ်း" ဆိုပြီး ဝင်နောက်ထားတာ တွေ့ပါတယ်။ အိစိကွေးဟာ သူငယ်ချင်းတွေနဲ့အတူ သီချင်းခွေတစ်ခွေ ထွက်ရှိထားတယ်လို့လည်း သိရပါတယ်။ တလောက အိစိကွေးတစ်ယောက် ကိစ္စအချို့နဲ့ပတ်သတ်ပြီး စိတ်ဓာတ်တွေကျပြီး စိတ်ညစ်နေခဲ့ပေမဲ့ လက်ရှိမှာတော့ ပြန်လည်အဆင်ပြေနေပြီ ဖြစ်ပါတယ်။

Source: Ei Si Kway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။