ရတနာပုံအသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေက

စိတ်ပျက်စရာအတိလို့ပြောရမှာပါ။ရာသီကြို

ခြေစမ်းပွဲလေးပွဲကစားပြီးတဲ့အချိန်မှာသုံးပွဲရှုံး

ထားတယ်ဆိုတဲ့ရလဒ်ပိုင်းဟာရတနာပုံပရိသတ်တွေ

အတွက်လက်မခံနိုင်စရာအနေအထားလို့ဆိုနိုင်ပါတယ်။

ရတနာပုံဟာဒီနှစ်ဘောလုံးရာသီမှာအမှတ်ပေးချန်ပီယံဆုဖလားကိုရှမ်းလက်ထဲလွှဲပေးခဲ့ရပါတယ်။

ရတနာပုံပရိသတ်တွေဟာနောက်နှစ်ဘောလုံးရာသီမှာ

လက်လွတ်လိုက်ရတဲ့ချန်ပီယံဆုဖလားကိုပြန်လည်ဆွတ်ခူး

စေလိုကြပါတယ်။အသင်းအပေါ်မျှော်လင့်ချက်အကြီးကြီး

တွေထားခဲ့ကြပေမယ့်ရတနာပုံအသင်းရဲ့ရာသီကြိုခြေစွမ်း

တွေကတော့အသင်းအားပေးသူပရိသတ်တွေအတွက်အား

လျော့စရာဖြစ်နေခဲ့ရပါတယ်။အခုနောက်ဆုံးခြေစမ်းကစားခဲ့

တဲ့ဟံသာဝတီနဲ့ပွဲမှာလည်းတစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်သွားပါတယ်။

ရတနာပုံမည်းပြသစ်အောင်ကျော်မိုးအနေနဲ့ပွဲဦးထွက်

ရလဒ်တွေမကောင်းဘူးလို့ဆိုရမှာပါ။

အောင်သူမရှိတော့တဲ့ရတနာပုံ၊ပြည်တွင်းကစားသမား

တွေနဲ့ရတနာပုံ၊နည်းပြအသစ်နဲ့ရတနာပုံရဲ့ခြေစွမ်းတွေကို

လာမယ့်ပွဲတွေမှာဆက်လက်စောင့်ကြည့်သွားရမှာပါ။

တခြားMNLကလပ်အသင်းတွေလည်းခြေစမ်းပွဲတွေဆက်ကစားကြတာတွေ့ရပါတယ်။ရှမ်းယူနိုက်တက်အသင်းနှင့် GFA FC အသင်းတို့ ပွဲစဉ်မှာရှမ်းယူနိုက် တက်အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။အလားတူ စလင်းကွင်း တွင် ကစားခဲ့သည့် ဆောက်သမ်းအသင်းနှင့် မကွေးအက်ဖ် စီအသင်း တို့ပွဲစဉ်တွင်တော့ မကွေးအက်ဖ်စီအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့ တယ်လို့သိရပါတယ်။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။