နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တစ်ယောက်ကတော့ လက်ရှိမှာ “ ရွာဂေါ် ” ဆိုတဲ့ ဟာသ ဇာတ်ကားလေးကို ရိုက်ကူး နေတာဖြစ်ပြီး သူမရဲ့ရိုက်ကွင်းပေါ်က လှပမှုအပေါင်းကို ပရိတ် သတ်တွေကို ပြန်လည်မျှဝေခဲ့ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းလွန်းနေတဲ့ သူမကို ချစ်ခင်အားပေးသူ ပရိတ်သတ်တွေက လည်း အများအပြားပါပဲ။ မြန်မာပြည်ရဲ့ Instagram မှာ Follower အများဆုံးပိုင်ဆိုင်ထားသူတစ်ဦး လည်း ဖြစ်ပါတယ်။ အကယ်ဒမီ ရွှေစင်ရုပ်နှစ်ဆုထိ ပိုင်ဆိုင်ထားပြီး အရည်အချင်းပြည့်ဝတဲ့ စွယ်စုံရ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

အမြဲလိုလို အလှူအတန်းလေးတွေလုပ်ပြီး ကုသိုလ်ကောင်းမှုနဲ့လည်း နီးစပ်သူလေးတစ်ဦး ပါပဲ။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေက ပရိတ်သတ်တွေကို အမြဲလိုလိုဖမ်းစားနိုင် ခဲ့ပါတယ်။ ရိုက်ကွင်းပေါ်က သူမရဲ့ပုံရိပ်တွေက ရွှေရောင်ချိတ်ဝမ်းဆက်ကို အလှဆုံးဖြစ် အောင် ချုပ်ဝတ်ထားပြီး နှင်းဆီပန်းအဝါရောင်လေးကိုဝတ်ကာ တကိုယ်လုံး ရွှေရောင် လွှမ်းအောင် ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ကြည့်လိုက်တာနဲ့ ထင်းခနဲလှနေတဲ့ ဝတ်စုံ မျိုးကို သူမဝတ်ဆင်လိုက်တဲ့အချိန်မှာတော့ ပြောစရာမလိုအောင်ကို ပြီးပြည့်စုံသွားတဲ့ သတို့ သမီးလေးဖြစ်လို့သွားပါတော့တယ်။

သူမရဲ့ Facebook Page မှာ ရွာဂေါ် ဇာတ်ကားမှ ချစ်ရတဲ့ အနုပညာမောင်နှမများနှင့် အမှတ်တရပါ ဆိုပြီး အဖွဲ့သားတွေနဲ့အတူ ဓာတ်ပုံရိုက်ပြီးတင်ထားတာဖြစ်ပါတယ်။ ခန့်စည် သူ၊ ပြေတီဦး၊ ခင်လှိုင်၊ ဝတ်မှုန်ရွှေရည်၊ သဉ္ဇာဝင့်ကျော်၊ ဂွမ်းပုံလေးတို့နဲ့အတူ တွဲဖက် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အနုပညာရှင်တွေရဲ့ ပျော်ပျော်ပါးပါး ပုံရိပ် လေးတွေက ကြည့်ရှုသူတိုင်းရဲ့ စိတ်ကိုပျော်ရွှင်ကြည်နူးစေပါတယ်။ ချစ်စရာကောင်းတဲ့ အနုပညာမောင်နှမတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပြီနော်။

Photo – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။