နာမည်ကျော်များဖြစ်ကြတဲ့ မော်ဒယ်ဒေါင်းနဲ့ သရုပ်ဆောင်မေမြင့်မိုရ်တို့နှစ်ယောက်ကတော့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာ အတူတကွသရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ လိုက်ဖက်လွန်းတဲ့ပုံစံလေးက ပရိတ်သတ်တွေကိုလည်း သဘောကျနှစ်သက်စေပါတယ်။ နှစ်ယောက်သားက “ ပုဂံမြို့သူ ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေကြ တာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို MRTV-4 ရုပ်သံလိုင်းက တင်ဆက်မှာဖြစ်ပါတယ်။ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်မလဲဆိုတာ စောင့်ကြကြဖို့ မမေ့နဲ့နော်။

ဒေါင်းနဲ့မေမြင့်မိုရ်တို့နှစ်ယောက်ဟာ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထား တာပဲ ဖြစ်ပါတယ်။ တည်ကြည်ခန့်ညားလွန်းတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မင်းသားချော ဒေါင်းနဲ့ ချစ်စရာကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေဝန်းရံခံနေရတဲ့ မင်းသမီးမေမြင့်မိုရ်တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ပရိတ်သတ်တွေ စိတ်ဝင်စားမှာ အမှန်ပါပဲ။ ဇာတ်လမ်းပုံစံလေးက အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ဖို့ အသေ အချာပဲမို့ Drama ကားလေးတွေကို နှစ်သက်တဲ့ ပရိတ်သတ်ကြီးအတွက်တော့ သတင်း ကောင်းပါပဲ။

လိုက်ဖက်လွန်းတဲ့နှစ်ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေကပရိတ်သတ်တွေကို ဘယ်လို ဖမ်းစား မလဲဆိုတာ ဖန်သားပြင်ပေါ်မှာစောင့်ကြည့်ရမှာပါပဲ။ နှစ်ယောက်လုံးကလဲ ပရိတ် သတ် အသည်းစွဲတွေ ဖြစ်ကြပြီး လိုက်ဖက်လွန်းတာမို့ ဒီ “ ပုဂံမြို့သူ ” ဆိုတဲ့အချစ်ဇာတ်လမ်း လေးဟာ ပရိတ်သတ်တွေရဲ့ စိတ်ကိုအများကြီးဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။ နှစ်ယောက်လုံးရဲ့ ရိုုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပြီနော်။

Photo – Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။