အာရှအားကစားပွဲတော်ကြီးကိုနောက်နှစ်သြဂုတ်

လမှာကျင်းပမှာပါ။မြန်မာနိုင်ငံအနေနဲ့အာရှအားကစား

ပွဲတော်မှာဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ပါးကစားနည်းတွေ

ရွေးချယ်ထားပါပြီ။မြန်မာနိုင်ငံဟာအာရှအားကစား

ပြိုင်ပွဲမှာဆုတံဆိပ်ရနိုင်လောက်တဲ့ကစားနည်း

တွေကိုဝင်ရောက်ယှဉ်ပြိုင်တာပါ။မြန်မာနိုင်ငံကဝင်ရောက်ယှဉ်ပြိုင်တဲ့အားကစားနည်း

တွေထဲမှာအမျိုးသမီးဘောလုံးအားကစားနည်းလည်းပါဝင်ပါတယ်။

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာအာဆီယံမှာသာမကအာရှမှာထိပ်သီးအဆင့်ရှိပါတယ်။ထိပ်သီးအဆင့်ရှိပေမယ့်လည်းအာဆီယံဒေသတွင်းဗီယက်နမ်၊ထိုင်းတို့ကိုတော့ယှဉ်လို့

မရပါဘူး။ပြီးခဲ့တဲ့ဆီးဂိမ်းမှာလည်းတတိယငွေတံဆိပ်ဆုနဲ့သာ

ကျေနပ်ခဲ့ရပါတယ်။တတိယသာရရှိခဲ့လို့မြန်မာအမျိုးသမီး

အသင်းနည်းပြဟော်လန်နိုင်ငံသားမစ္စတာရော်ဂျာကို

ထုတ်ပယ်ခဲ့ပါတယ်။အခုအချိန်မှာတော့မြန်မာအမျိုး

သမီးအသင်းဟာနည်းပြလက်မဲ့ပါ။

ဒါပေမယ့်မကြာခင်မှာမြန်မာအသင်းအတွက်ဂျပန်နည်းပြတစ်ဦးကိုခန့်အပ်တော့မှာပါ။MFFနဲ့သဘောတူညီမှုရထားတဲ့ဂျပန်

နည်းပြဟာဇန်နဝါရီပထမပတ်မှာပဲမြန်မပြည်ကိုရောက်လာတော့မှာပါ။ဂျပန်နည်းပြတစ်ဦးစောစောခန့်အပ်ခြင်းနဲ့အတူမြန်မာအမျိုးသမီးအသင်းအာရှဖလားပွဲအတွက်စောစောစီးစီးပြင်ဆင်မှုတွေ

ပြုလုပ်တော့မှာပါ။မြန်မာအမျိုးသမီးအသင်းဟာအာရှဖလားမတိုင်မီဇွန်လမှာလည်းအာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲကိုလည်းဝင်ရောက်

ယှဉ်ပြိုင်မှာပါ။မြန်မာအမျိုးသမီးလိဂ်ပွဲစဉ်တွေကလည်း

စတင်နေပြီဖြစ်တဲ့အတွက်မကြာခင်မှာမြန်မာ့လက်ရွေးစင်

ပိုမိုကောင်းမွန်တဲ့အမျိုးသမီးအသင်းကိုတွေ့မြင်ကြရတော့မှာပါ။

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။