ဒီနေ့ည ၈နာရီမှာ Taw Win Garden Hotel မှာကကြဖျော်ဖြေကြမယ့် တော်ဝင်နှစ်သစ်နှင်းဆီအဖွဲ့ကတော့ နှစ်သစ်မှာအားလုံးပျော်ရွှင်ကြပါစေလို့ ပရိသတ်ကြီးကို နှစ်သစ်အကြိုဆုတောင်းပေးလိုက်ပါတယ်။ သူတို့ရဲ့အငြိမ့်ကို အားပေးချင်တဲ့ ပရိသတ်ကြီးက Taw Win Garden Hotel page ကနေ ဝင်ရောက်ကြည့် ရူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

ခရမ်းရောင်နဲ့ ခဲရောင်စပ်ထားတဲ့ ဝတ်စုံလေးတွေနဲ့ သန့်ခန့်နေတဲ့ တော်ဝင်နှစ်သစ်နှင်းဆီအဖွဲ့သားတွေကတော့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ရဲလေးနဲ့ ထွန်းထွန်းတို့ပဲဖြစ်ပါတယ်။ အတွဲညီကာ ဟန်ချက်ညီညီနဲ့ ပရိသတ်ပွဲကျအောင် ပြတ်လုံးထုတ်ကြမယ့် တကယ်မင်းသားချောတွေပဲ ဖြစ်ပါတယ်။ မင်းသမီးတွေကတော့ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ မေကဗျာနဲ့ မိုးယုစံ တို့ပဲ ဖြစ်ပါတယ်။ မင်းသမီးတွေဆိုလို့ သရုပ်ဆောင်တော်ရုံတင် မဟုတ်ပါဘူး။ အကအလှများနဲ့လည်း အကျွမ်းတဝင် ရှိပါသေးတယ်။

တော်ဝင်နှင်းဆီ အငြိမ့်ဆိုရင်စိတ်မဝင်မစားတဲ့ ပရိသတ်ဆိုတာ မရှိသလောက်ပါပဲ။ ပရိသတ်ကြီးတင်မဟုတ်ပါဘူး အနုပညာသမားတွေကလဲ သူတို့ကိုသဘောကျတာကြောင့် လာရောက်အားပေးတာ တွေ့ရပါတယ်။ဒါဆိုဒီနေ့ညမှာရော ဘယ်လိုဟာသတွေ ဘယ်လိုပြတ်လုံးတွေနဲ့ ပရိသတ်ကို ပွဲကျအောင်လုပ်အုံးမလဲဆိုတာ Taw Win Garden Hotel page မှာ တူတူစောင့်ကြည့်ရအောင်နော်။

Source - Taw Win Garden Hotel page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။