မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပွင့်နဒီမောင်တစ်ယောက် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေနဲ့ အဆက်ပြတ်သွားခဲ့ပါတယ်။ သူမဟာ အိမ်ထောင်ရှင်မကောင်း ပီသစွာနဲ့ အိမ်ထောင့်တာဝန်တွေကို ထမ်းဆောင်နေတာကြောင့် အနုပညာလုပ်ငန်းကို လက် လျော့ခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေ မလုပ်တော့သည့်တိုင်အောင် သူမကို ချစ် ခင်နေဆဲ ပရိတ်သတ်တွေကတော့ ရှိနေဆဲပါပဲ။ သူမရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ နှုတ်ခမ်း နားက မှဲ့ကလေးဟာလည်း သူမရဲ့အလှကို ပိုမိုထင်ပေါ်စေပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်အသိအမှတ်ပြု အနုပညာ ရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့အလန်းစားပုံရိပ်တွေက လူမှုကွန်ယက်မှာ ပြန်လည်ဆန်းသစ် လာခဲ့ပြီပဲဖြစ်ပါတယ်။ အမြဲတမ်းဆွဲဆောင်မှုအပြည့်နဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ သူမဟာ ယခုထက်တိုင်လည်း မလျော့သွားပဲ ပိုမိုပြည့်စုံလာတဲ့ အလှတရား နဲ့ သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေကို ပြန်လည်ဖမ်းစားနိုင်ခဲ့ပါတယ်။

သူမရဲ့ယနေ့ဖက်ရှင်ကတော့ ခရမ်းရောင်အင်္ကျ ီလေးနဲ့ ခရမ်းရောင်ပေါင်တိုစကပ်လေး ပေါ်မှာ ချည်ပန်းထိုး ဆွယ်တာတစ်စုံကို ဖရိုဖရဲလေးဖြစ်အောင် ဝတ်ဆင်ထားပြီး သူမရဲ့စီး တော်ယာဉ်ကားလေးကို နောက်မှီထားတဲ့ အနေအထားတစ်ခုနဲ့ ခပ်မိုက်မိုက်ပုံစံလေးတွေ ရိုက်ကူးထားတာဖြစ်ပါတယ်။ တကယ့်ကိုအကြွေစင်ပါပဲ ပရိတ်သတ်ကြီးရေ။ ပရိတ်သတ် မျက်စိရှေ့က ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင်ပွင့်နဒီမောင်ရဲ့ ယနေ့အလန်း စားဖက်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

Photo – Myanmar Cele 7 / Duu War

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။