မြို့ရွှေမန်းသား ဖိုးချစ်အဖြစ် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဇာတ်မင်းသားနဲ့ သရုပ်ဆောင် ဖိုးချစ်ကတော့ မင်းကွန်းကျောင်းတိုက် ဆရာတော်ကို အလှူငွေ သိန်း(၂၀)လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ဖိုးချစ်ဟာ ဖခင်ဖြစ်သူကို အမှူးထားပြီး မင်းကွန်း တိနိကျောင်းတိုက်အတွက် ရာသက်ပန်ဆွမ်းပဒေသာပင် အလှူငွေ(၁၅)သိန်းနဲ့ ဆရာတော် နဝကမ္မ အလှူငွေ(၅)သိန်း စုစုပေါင်း အလှူငွေ သိန်း(၂၀)ကို ဒီဇင်ဘာ(၂၉)ရက်နေ့က ဆက်ကပ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

မင်းကွန်းတိနိကျောင်းတိုက် ဆရာတော်အရှင်ကောဝိဒ ဟာ ကုသိုလ်ဖြစ် မျက်စိဆေးရုံဖြစ်တဲ့ ရွှေရတုတိပိဋက စက္ခုပါလ မျက်စိဆေးရုံ ကို ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်..။

ရွှေရတုတိပိဋက စက္ခုပါလ ကုသိုလ်ဖြစ် မျက်စိဆေးရုံမှာ မျက်စိခွဲစိတ်ပြီး လူနာတစ်သိန်းပြည့် အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက ဖိုးချစ်တို့ ဇာတ်သဘင်အဖွဲ့က ပရိသတ်တွေကို ကပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်..။

ဒီဇင်ဘာ(၂၈)ရက်နေ့ကလည်း ဖိုးချစ်ဟာ ဆရာတော်နှင့်အတူ မျက်စိဆေးရုံကို သွားရောက်ကြည့်ရှု့လေ့လာခဲ့တယ်လို့ ဆိုပါတယ်..။

ဖိုးချစ်ကတော့ ဇာတ်သဘင်လောကမှာ နှစ်အတော်ကြာအောင်မြင်မှုတွေ ရရှိထားပြီး ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာလည်း တွေ့ရပါတယ်..။

သဘင်အစည်းအရုံးဥက္ကဌတစ်ဦးဖြစ်သလို စစ်ကိုင်း FC ဘောလုံးအသင်းကိုလည်း ပိုင်ဆိုင်ထားပြီး အများအကျိုးအတွက် ပရဟိတလုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ကိုင်နေတာ တွေ့ရပါတယ်..။

အောင်မြင်တဲ့ ဇာတ်မင်းသားတစ်ယောက်ဖြစ်တဲ့ ဖိုးချစ်ကတော့ လတ်တလောမှာလည်း ဇာတ်ပွဲတွေ ဆက်တိုက် ကပြဖျော်ဖြေနေသလို အခမ်းအနားပွဲများတတ်ရောက်ခြင်းနှင့် ကြော်ငြာများလည်း ရိုက်ကူးပေးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်..။

Source - ရွှေရတုတိပိဋက စက္ခုပါလ ကုသိုလ်ဖြစ် မျက်စိဆေးရုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။