နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ နန္ဒာလှိုင်တစ်ယောက် သူမရဲ့ခင်ပွန်းဖြစ်သူနဲ့အတူ ကြည်နူးဖွယ်ပုံရိပ်လေးတွေ ရိုက်ကူးထားပါတယ်။ ရိုက်ကူးသူတင်မက ကြည်ရှုသူတွေပါ ကြည်နူးသွားစေမယ့်ပုံရိပ်လေးတွေကြောင့် ပရိတ်သတ်တွေကလည်း သဘောကျနေကြပါ တယ်။ သူမတို့ဇနီးမောင်နှံဟာ သမီးအငယ်ဆုံးလေးနဲ့အတူ ထိုင်းနိုင်ငံကိုအလည်အပတ် ရောက်နေခဲ့စဉ်က ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ နှစ်တွေဘယ်လောက်ကြာကြာ သားသမီး တွေဘယ်လောက်များများ အချစ်မပြယ်ပဲ ထာဝရချစ်နေဖို့ဆိုတာ တစ်ယောက်အပေါ် တစ် ယောက်ထားရှိတဲ့ အချစ်တွေ သံယောှဇဉ်တွေ နားလည်မှု စာနာမှု ဖေးမမှု စတဲ့ အကြောင်းအရာတွေ အများကြီးပြည့်စုံမှဖြစ်တာပါ။ သူမတို့မိသားစုလေးကတော့ မြင်သူတိုင်း အားကျရလောက်အောင် ပျော်စရာကောင်းလွန်းပါတယ်။

ရတီ ဝတီ နဒီဆိုတဲ့ ချစ်စဖွယ်သမီးလေးသုံးယောက်ကိုပိုင်ဆိုင်ထားပြီး တကယ့်ကိုပျော်ရွှင် ပြီးပြည့်စုံတဲ့ မိသားစုအသိုက်အမြုံလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ချစ်ဇနီးအပေါ် ဘယ်အချိန်ပဲဖြစ်ဖြစ် မေတ္တာတရားအပြည့်အဝထားတဲ့ ခင်ပွန်းသည်ကို ရရှိပိုင်ဆိုင်ခဲ့တာ မို့ သူမဟာ အိမ်ထောင်ရေး ကံကောင်းတဲ့အမျိုးသမီးတွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ် ပါတယ်။ သူမရဲ့ ဝါသနာပါရာဖြစ်တဲ့ အနုပညာလုပ်ငန်းကို စွန့်လွှတ်ပြီး မိသားစုအတွက် အချိန်ပေးရကြိုးနပ်အောင် စိတ်ကျေနပ်စေတဲ့ ခင်ပွန်းကိုရရှိပိုင်ဆိုင်ခဲ့တာမို့ သူမအတွက် မုဒိတာပွားပြီး ဝမ်းသာမိပါတယ်။

ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးမှုပုံရိပ်လေးဟာ ဘာပကာသနမှ မပါပဲ တကယ်ကို ပကတိကြည်နူးစရာလေးဖြစ်လို့နေတာပါ။ မြင်သူတိုင်းဟာ သူမတို့ဇနီး မောင်နှံ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို အတိုင်းသားမြင်နေရမှာအသေအချာပါ ပဲ။ ချစ်ရတဲ့ဇနီးသည်ကို မြတ်နိုးခြင်းအပြည့်အဝနဲ့ ပွေ့ချီထားတဲ့ခင်ပွန်းသည်ကို ကျေနပ်ပီတိ အပြုံးတွေနဲ့ ပြန်ငုံ့ကြည့်နေတဲ့ နန္ဒာလှိုင်တို့ ဇနီးမောင်နှံရဲ့ပုံရိပ်လေးက တကယ်ကိုအသက် ဝင်လှပါတယ်။ ပရိတ်သတ်ကြီးလည်း ကြည့်ရှုပြီး ပျော်ရွှင်မှုတွေခံစားရနိုင်အောင် တင် ဆက်ပေးလိုက်ပြီနော်။

Photo – Nandar Hlaing’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။