အမေရိကန်မင်းသမီး Paris Hilton ပဲရစ်ဟယ်တန်ကတော့ ချစ်ရသူနဲ့အတူ ဒီဇင်ဘာ ၂၇ က ကော်လိုရာဒိုက နှင်းတောထဲမှာ ပျော်ရွှင်စွာကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။

သူမဟာ (၂၀၁၇)ခုနှစ် ဖေဖော်ဝါရီလက တွဲခုတ်ခဲ့တဲ့ ချစ်သူ မင်းသားချောChris Zylka နဲ့ နှင်းတောထဲမှာ စကိတ်စီးရင်း တစ်နေ့တာကိုဖြတ်သန်းခဲ့ပါတယ်။

သူမရဲ့ Instagram မှာတော့ “ နှင်းတောင်တွေပေါ်က သာယာတဲ့နေ့တစ်နေ့” လို့ ခေါင်းစဉ်တပ်ပြီး စုံတွဲပုံတွေ အားရပါးရ တင်ထားပါသေးတယ်။

ဟောလိ၀ုဒ်ရဲ့ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ ပဲရစ်ဟယ်တန် ဟာ လူမှုကွန်ရက်မှာ အဟော့ဆုံးဖြစ်တဲ့ ဆယ်လီတစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး သွက်လက်တဲ့ သူမရဲ့ဖက်ရှင်တွေကတော့ ဆက်စီကျကျနဲ့ ဆွဲဆောင်မှုရှိနေတတ်တာကိုတွေ့ရပါတယ်။

သူမဟာ လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ဟယ်တန်အမည်ရ ဟော်တယ်ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ သူမဟာ စီးပွားရေးမှာတော်သူတစ်ဦးဖြစ်သလို အနုပညာနယ်ပယ်မှာလည်း အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေတာပါ။ ဒ့ါကြောင့်မို့လည်း သူမကို ချဉ်းကပ်ချင်တဲ့ ပုရိသတွေကလည်း ခပ်များများပါပဲ။

ဆက်စီကျပြီးအမြဲလန်းနေတဲ့ ဟယ်တန် တစ်ယောက် လက်ရှိချစ်သူဖြစ်တဲ့ မင်းသား ခရစ် နဲ့ အရမ်းချစ်နေကြသလို သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို ဒိတ်လေ့ရှိပါတယ်။

လက်ရှိမှာလည်း ဟယ်တန်ရဲ့ ချစ်သူနဲ့အတူ ပျော်နေတဲ့ပုံတွေက လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်  

Source : Moda 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။