အမေရိကန်မင်း သမီး လင်ဆေးလိုဟန်သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေချိန်မှာ မြွေကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ လင်းဆေးလိုဟန်ဟာ ဟောလိ၀ုဒ် ရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တာမို့ သူမရဲ့ သတင်းကတော့ နိုင်ငံခြားမီဒီယာတွေကြားမှာ ဟိုးလေးတစ်ကျော်ဖြစ်လို့နေပါတယ်။

ထိုင်းနိုင်ငံကို အားလပ်ရက် ခရီးထွက်လာသော အသက် (၃၁)နှစ်အရွယ် လင်ဆေးလိုဟန် ဟာ တောအတွင်းလမ်းလျှောက် နေစဉ် မြွေကိုက်ခံရပေမယ့် စိုးရိမ်စရာမရှိကြောင်း သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ရေးသားထားတာပါ။

ဒီသတင်းကြောင့် သူမကိုချစ်တဲ့ အမာခံပရိသတ်တွေကတော့ အတော်လေးစိုးရိမ်ပူပန်နေခဲ့တာဖြစ်ပါတယ်။

‘‘ထိုင်းနိုင်ငံက အရမ်းကို အံ့အားသင့်စရာကောင်းပြီး လှပတဲ့ နေရာတစ်ခုပါ။ တစ်နေ့က တော ထဲလမ်းလျှောက်သွားတော့ ကျွန် မမြွေကိုက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်မအဆင်ပြေပါတယ်။ စိုးရိမ် စရာမရှိပါဘူး။ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ’’ ဟု လင်းဆေးလိုဟန်က ရေးသားခဲ့ပါတယ်။ လင်ဆေးလိုဟန်ဟာ ခရစ္စမတ်ကာလကိုလည်း ထိုင်းနိုင်ငံ၌ပင် ဖြတ်သန်းခဲ့ပြီး လက်ရှိတွင် ဖူးခက်ကမ်းခြေသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်မင်းသမီးချော လင်းဆေးလိုဟန်ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးထားပြီး အော်စကာဆုတွေလည်း ဆွတ်ခူးထားသူဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ကမ္ဘာကျော်နေတဲ့မင်းသမီးတစ်လက်အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

သူမဟာ ဆက်စီကျကျ နဲ့ ဖက်ရှင်ကျအောင် ၀တ်ဆင်လေ့ရှိသူဖြစ်ပြီး မီဒီယာတွေရဲ့ မျက်စိကျခြငး်ခံရသူဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူကံကောင်းလို့ မသေကောင်းမပျောက်ကောင်းနော်။ 

Source : 7Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။