ပရိသတ်တွေ ချစ်ခင်အားပေးနေရတဲ့ သရုပ်ဆောင် မင်းသား ခန့်စည်သူကတော့ သံဃာတော် အပါး (၁၈၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် အလှူငွေများ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဂိုဏ်းပေါင်းစုံပင့်သံဃာတော် အပါး(၁၈၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် အလှူငွေ (၄၀၀၀၀၀)ကျပ်ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်..။

မိဘနှစ်ပါးကိုဦးထိပ်ထားပြီး (၇)ရက်သားသမီး ပရိသတ်တွေအတွက် နှစ်သစ်အလှူအဖြစ် လှူဒါန်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်..။

ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် မင်းသား ခန့်စည်သူက သူအသုံးပြုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီဇင်ဘာ(၃၀)ရက်နေ့က ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း အနုပညာရှင်ညီအကိုမောင်နှမများနှင့် ပရိသတ်တွေကလည်း ချီးကျူးသာဓုခေါ်ထားကြပြီး လှူဒါန်းမှုတွေနဲ့ ပရဟိတလုပ်ငန်းတွေကို ယခုထက်ပိုမို ပြုလုပ်နိုင်ဖို့ ဆုမွန်ကောင်းများ တောင်းပေးထားကြတာ တွေ့ရပါတယ်..။

မင်းသားခန့်စည်သူကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို အမြဲ ပြန်လည်မျှဝေလေ့ရှိပြီး ကျရာ ကာရိုက်တာကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်..။

အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ပရဟိတနဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏ လှူဒါန်းပြုလုပ်နေတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း အခမ်းအနားပွဲတော်တော်များများ တတ်ရောက်ခြင်းနှင့် ကြော်ငြာများရိုက်ကူးပေးနေပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ခန့်စည်သူ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။